Unicode ***
ထယ်ယောင်း အဂ်လန်ကို ရောက်လာသည်မှာ ၄ ကြိမ်မြောက်ဖြစ်သည်။
ရှေ့အကြိမ်များ၌ ဇာတ်လမ်းတွဲရိုက်ကူးနေစဥ် လာရခြင်းဖြစ်သည်မို့ ၂ ရက် ၃ ရက်ထပ်ပို၍ အဂ်လန်၌ မနေဖြစ်ပေ။ ယခုအကြိမ်၌မူ အချိန်ရသည့်အတွက်ကြောင့် ရက်ကြာကြာနေရန် ထယ်ယောင်း စီစဥ်ထားသည်။
သည်တစ်ကြိမ်တော့ ရထားသည့် လိပ်စာအတိုင်း Nottingham သို့ရောက်လာခဲ့သည်။ အဂ်လန်၏ အချက်အခြာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ရှေးကျသည့် ဥရောပဆန်ဆန်အဆောက်အဦးများစွာ ရှိသည်။ ထယ်ယောင်း ဟိုတယ်အခန်းထဲ၌ရောက်သည်နှင့် စာအုပ်လေးတစ်အုပ်ဖွင့်ထုတ်ကြည့်မိသည်။ ထိုစာအုပ်လေး၌ ထယ်ယောင်း စကားလုံးအချို့ချရေးလိုက်သည်။
ဂျုံးကု ထွက်ခွာသွားသည့် နေ့မှစ၍ ထယ်ယောင်း... ဂျုံးကု ကိုသတိရတမ်းတမိတိုင်း စာလေးတွေ ရေးချလေ့ရှိသည်။ သူ့နှလုံးသားထဲမှ ခံစားချက်တို့အား ရိုးသားစွာဖော်ထုတ်နိုင်သည့် နေရာလေးက သည်စာအုပ်ကလေးပင်ဖြစ်ချေသည်။
.
.
'ချစ်ခြင်းမေတ္တာကို
မင်းအနားမှာမရှိတော့မှ
အကို ပိုနားလည်လာခဲ့ရတယ်
မင်းထက်ပိုပြီး
အကိုချစ်မပြနိုင်ပင်မယ့်
ဒီတစ်ဘဝလုံးစာ
အကိုချစ်ရတဲ့သူက
မင်းတစ်ယောက်တည်းဆိုတာတော့
မင်းကိုသိစေချင်သေးတယ်'
.
.
စာရွက်တရွက်ချင်း လှန်ဖတ်ကြည့်ရင်း နံပါတ်စဥ်များကို ရေတွက်မိလေသည်။ ဂျုံးကု သူ့အား ကျောခိုင်းခဲ့သည်မှာ ရက်ပေါင်းတစ်ရာ့ငါးဆယ် ပင်ရှိပြီ။ ထယ်ယောင်း စာအုပ်လေးအား ပိတ်လျက် ကုတင်အထက်၌ အနားယူရန် ပြင်လေသည်။
. . . . . . .
"ဟယ်လို''
"အမမီယောင်း''
"မင်းဒီအပတ် ချိန်းထားတဲ့ Promotion ပွဲရှိတယ်လေ အခုဘယ်ဘာလဲ ဒါ .... နိုင်ငံခြားဖုန်းနံပါတ်ကြီးပဲ မင်း အဂ်လန်ကိုသွားပြန်ပြီလား''
"ဟုတ်တယ်အမ...ကျွန်တော် ကတိပေး ထားတဲ့အတိုင်း ဇာတ်လမ်းရိုက်ကူးမှုပြီးရင် ဘာ activity မှ ထပ်မလုပ်တော့ပါဘူးဆိုတာလေအခု ဇာတ်လမ်းတွဲလည်း ပြီးသွားပြီ.. ကျွန်တော် အေဂျင်စီနဲ့ စာချုပ်သက်တမ်းလည်းပြည့်ပြီဆိုတော့ ရပ်နားလိုက်တော့မယ် အမမီယောင်း''
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi
