အပိုင်း ၂၄ (အပိုင္း ၂၄ )

924 93 6
                                    

မျက်လုံးဖွင့်ကြည့်တော့ ပြူတင်းပေါက်မှ နေရောင်ထိုးနေပြီ။ အိပ်ယာက ထမည်ပြုသည့်အခါ ကျွန်တော့်ခါးအား ပွေ့ဖက်ထားသည့် လက်အား တွေ့ရသည်။ ဂျုံးကု၏ လက်အား အသာ မ ကာ ထဟန်ပြုတော့ ပို၍ တင်းကျပ်စွာ ဖက်လာသည်။ ဂျုံးကု လက်မောင်းက အားသန်ကြောင်း ကြွက်သားများက သက်သေပြုလျက်....

ထို့ကြောင့် နောက်လှည့်ပြီး ဂျုံးကုအား ကြည့်လိုက်သည်။ ရှင်းလင်းနေသည့်မျက်နှာအထက်၌ ဆံပင်ရှည်များ က အုပ်မိုးလျက် မျက်တောင် ခပ်စိတ်စိတ်များက လူပ်ခတ်သွားသည်ကို တွေ့ရသည်။ ဂျုံးကု နိုးနေသည် အထင်နှင့် သူ့နဖူးအား လက်ညိုးနှင့် တွန်းတော့...ကျွန်တော့်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

တဒုန်းဒုန်း ခုန်နေသော ရင်ခုန်သံ များက သူ့ဆီကလား...ကျွန်တော့်ဆီကလား မသဲကွဲသည်မို့ ဂျုံးကု မျက်နှာအား မော့ကြည့်မိသည်နှင့်တပြိုင်နက် ကျွန်တော့် နဖူးမှာ ငုံနမ်းခြင်းခံလိုက်ရလေသည်။

"မင်း....နိူးနေရင်..ဖယ်...အကို အိပ်ယာထတော့မယ်''

"ခဏ..Hyung...ကျွန်တော် ဒီလိုလေး ခဏလောက် ဆက်ဖက်ထားချင်တယ်''

"မင်းဒီလို လုပ်နေရင်...နောက်နေ့တွေ ငါ့အိပ်ယာပေါ်မှာ မအိပ်နဲ့တော့...ဆိုဖာမှာပဲအိပ်''

အလန့်တကြား ငုံ့ကြည့်လာပြီး ပွေ့ဖက်ထားသည့် လက်များကို လွှတ်ချပေးလိုက်သည်။
ကျွန်တော်လည်းအိပ်ယာမှ ကမန်းကတန်းထကာ ရေချိုးခန်းထဲသို့ ပြေးဝင်မိသည်။ ရေချိုးခန်းတံခါးအား လော့ချလိုက်ပြီး ခုန်နေသော ရင်ဘက်အား သတိပြုမိပြီး တံခါးကိုမှီလျက် စိတ်ငြိမ်အောင် ထိုင်နေမိသည်။

. . . . . . . . .

....တီ.... ''ဟုတ်ကဲ့ ပြောပါ''

"Mr.Michael...ဆာကူရာ ဆိုတဲ့ အမျိုးသမီး တစ်ဦး တွေ့ခွင့်တောင်းနေပါတယ်''

"အခန်းထဲ ဝင်ခွင့်ပြုလိုက်ပါ''

"ဟုတ်ကဲ့''

ရုံးခန်းအတွင်းသို့ ဝင်လာသည့် ဆာကူရာစံ

"ဂျုံးကု မတွေ့ရတာကြာပြီ''

"အင်း...ဘာကိစ္စလဲ''

"ငါတို့က မောင်နှမ ဝမ်းကွဲတွေနော်...နင် နည်းနည်းလောက် ငဲ့ညှာပေးလို့မရဘူးလား''

🌼 Sumairu 🌼 (Completed)Where stories live. Discover now