အပိုင်း ၂၁ (အပိုင္း ၂၁)

795 82 0
                                    

"Hyung ''

စတူဒီယိုမှထွက်လာသော Hyung အား လှမ်းခေါ်လိုက် တော့ အံသြတကြီးဖြင့် လှည့်ကြည့်သည်။

"ဂျုံးကု.. မင်းမပြန်သေးဘူးလား''

မနေ့ညက Hyung ဖုန်းပြောတာကြားခဲ့သည်မို့..Hyung သူငယ်ချင်းဆိုသူအား သဘောမကျပေ။ Hyung နောက်ကို Stalker တစ်ယောက်လိုလည်း မလိုက်ဝံ့၊ Hyung သိသွားလျှင် စိတ်ဆိုးမည်မှာ ကျိန်းသေသည်၊၊ ထို့ကြောင့် သဘာဝကျကျသာ Hyung ကို Zee အိမ်သို့ လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်သည်။

"တက်...ဘယ်သွားမှာလဲ.. လိုက်ပို့ပေးမယ်''

"ရတယ်...အကို Zee နဲ့ချိန်းထားတာ...သူ့အိမ်သွားမလို့''

"ကျွန်တော် လိုက်ပို့ပေးမယ်..ကားပေါ်တက်''

မနက်က ရူတင်သို့ ဝင်ပို့ပေးရုံမက အပြန် ဝင်ကြိုပေးနေသည့် ဂျုံးကု... တကယ့်ကို ဂရုတစိုက် လုပ်ပေးနေတာ... ကျွန်တော့်ကို ကလေး ထင်နေလားမသိ၊ အကြိုအပို့ကို တာဝန် တစ်ခု လို လုပ်နေသည်။ Zee နေထိုင်ရာ Villa ဝန်းရှေ့ထိ လိုက်ပို့ပေးပြီး အပြန် လာကြိုပေးမည်ဟု ဆိုသောကြောင့် အတင်းငြင်းလွှတ်ရသေးသည်။ အပြန် ကားငှားလာခဲ့မယ် ဆိုတာကိုပင် စိတ်မချဖြစ်နေပုံပင်၊ အရက်လုံးဝ မသောက်ရဘူးလို့ ဆိုသေး၏။

"ထယ်ယောင်း... ရောက်လာပြီလား''

"အင်း..Zee..ရော့.. ငါ  ပီဇာနဲ့ ကြက်ကြော်  ဝယ်လာခဲ့တယ်''

ပီဇာနဲ့ ကြက်ကြော်က ဂျုံးကု ဝယ်ပေးလိုက်တာပင်၊ လက်ဗလာနဲ့ သူငယ်ချင်းအိမ်ကို သွားလည်မလို့လားဟု ဆိုသေးသည်...

"မင်းကတော့...ငါ့အကြိုက်ကို အသိဆုံးပဲ''

ကျွန်တော် နဲ့ Zee ညစာအဖြစ် ပီဇာနှင့် ကြက်ကြော်ကို အတူစားစားကြသည်။ အလုပ်ကိစ္စတွေ၊ မိသားစုရေးရာတွေနှင့် ပက်သက်ပြီး ပြောပြဖြစ်ကြ သည်။ ဘီယာကြိုက်သည့် Zee ကတော့ ဘီယာတစိမ့်စိမ့်သောက်ရင်း...စကားပြောသည်။ ကျွန်တော်ကတော့ ကိုလာသောက်ရင်းပေါ့....

"ထယ်ယောင်း... မင်းမှာ သဘောကျနေတဲ့သူ ရှိပြီလား''

"ဟင်...မရှိပါဘူးကွာ...
ငါ အချိန်မှ မပေးနိုင်သေးတာ...
မင်းလည်း အဲ့လိုပဲ မဟုတ်ဘူးလား...
ဘာလဲ တွေ့နေပြီလား''

🌼 Sumairu 🌼 (Completed)Where stories live. Discover now