အပိုင်း ၃၇ (အပိုင္း ၃၇)

574 57 1
                                    

Unicode ***

ထယ်ယောင်းတွေးမထားသော်လည်း ယွန်းလေး၏ Dating Rumors များက သူ့ဆီပါ လွင့်စင်လာသည်။ ထယ်ယောင်းနှင့် ယွန်းလေးတို့ အတူပါဝင်သရုပ်ဆောင်ထားသော ဇာတ်လမ်းတွဲမှာ အောင်မြင်မှုများရရှိသကဲ့သို့ Rumors များကြောင့်လည်း ဇာတ်လမ်းနည်းတူ သူတို့နှစ်ယောက်၏ ထင်ကြေးပေးခံရသည်များ​ကြောင့် ပို၍ အွန်လိုင်းစာမျက်နှာထက်တွင် ထင်ရှားလာလေသည်။

(တက်သစ်စမင်းသားလေးလေ..သးတို့အတွဲကို ဇာတ်လမ်းထဲမှာ အရမ်းကြိုက်တာ...အပြင်မှာပါတွဲနေပြီဆိုတော့ ပျော်လိုက်တာ)

(ငါကြိုက်တဲ့ မင်းသားလေးလေဟာ..နာမည်အခုမှကြီးတယ် Date နေပြီတဲ့လား)

(ယွန်းလေး နဲ့ date နေတဲ့သူက ငါတို့ ထယ်ယောင်း မဟုတ်ပါဘူးနော်..ဒီမှာ ပုံတွေကို ယှဥ်ကြည့်)

(ဟုတ်ပါတယ်ဆို.. ဓာတ်ပုံက ဝါးနေလို့ မျက်နှာက တူနေတယ်)

(နိုးနိုး...ဒါ တခြားတစ်ယောက် လုံးဝသေချာတယ်.. ဒီပုံတွေကိုကြည့်ကြည့်)

(သွား..မသိဘူး.ငါတို့ မင်းသားကို ဘယ်သူနဲ့မှ သဘောမတူနိုင်ဘူး..အေဂျင်စီ က ချက်ချင်းဖြေရှင်းပေးပါ)

"ထယ်ယောင်းရေ..အွန်လိုင်းက ယွန်းလေး သတင်းတွေက မင်းသိတဲ့အတိုင်းပဲ.. ထယ်ယောင်းကိုပါ ဆွဲထည့်ပြီးပြောနေတယ်...စိတ်မပူနဲ့.. အမ ကုမ္ပဏီကို အသိပေး ထားတယ် ဖြေရှင်းပေးလိမ့်မယ်''

"ဟုတ်..အမမီယောင်း''

ထယ်ယောင်း၏ အေဂျင်စီ မှ ယွန်းလေးနှင့် တွဲနေသည်မှာ ထယ်ယောင်း မဟုတ်ကြောင်း အတိအလင်း ဖြေရှင်းချက်ထုတ်လေသည်။ ကောလဟာလ များကို မယုံသင့်ကြောင်း ပရိသတ်များထံ အသိပေး လေသည်။ သို့မှ ထယ်ယောင်း၏ ပရိသတ်များ ငြိမ်သက်သွားသည်။ သို့သော်လည်း ယွန်းလေးဘက်၌မူ Dating Rumors များကို ငြင်းဆိုသော်လည်း ပုံများက အွန်လိုင်း၌ ပျံနှံ့နေပြီဖြစ်ရာ...ပရိသတ်များကြား ပြောစရာဖြစ်နေဆဲပင်။

"အဖေ...အဖေလုပ်တာ..အခု..သမီးဖန်တွေ အထင်လွဲကုန်ပြီ...အေဂျင်စီ က စာထုတ်တာတောင် မရဘူး..ဘယ်လိုလုပ်မလဲ''...''အခုမှ သရုပ်ဆောင်စလုပ်တာ fan ထပ်တိုးမလာသေးဘူး Dating Rumors ကြောင့် anti-fan ကထပ်တိုးလာပြီ...''

🌼 Sumairu 🌼 (Completed)Where stories live. Discover now