အပိုင်း ၅ (အပိုင္း ၅)

950 103 3
                                    

""ဂိုင်ဂျင်'''' 💢

လှည့်ကြည့်မိတော့...
အတွေးထဲက အတိုင်း..''ဂန်းစံ''တို့ အုပ်စု၊
အမြဲ အုပ်စုဖွဲ့၍ သွားနေကြထင်ပါ့၊
အခုလည်း ၅ ယောက် အုပ်စု...
ကျွန်တော့်နဲ့ Hyung အနားသို့ လှမ်းလျှောက်လာသည်၊

Hyung ရဲ့ အက်ျီ မှ နာမည်ကတ်အား စိုက်ကြည့်ကာ.... နာမည်အား ရေရွတ်လိုက်သည်....'''ကင်..ထယ်..ယောင်း'''

"ဂန်းစံ...မင်း Hyung ကို
အနှောင့်အယှက် မပေးနဲ့''

"အံမယ်...လက်တောက်လောက်က..
မကြောက်မလန့်...
ငါ ဘယ်သူလဲဆိုတာ
မင်းမသိသေးဘူးထင်တယ်''

"မင်းတို့လို ကျောင်းက
လူရမ်းကားအုပ်စုကို
မသိတဲ့သူမရှိဘူး''

ဂန်း ၏ နားနားသို့ ကပ်ခါ စကားတိုးတိုး ပြောနေတဲ့ သူ့အပေါင်းပါတွေ....

"မင်းလို သွေးမစစ်တဲ့ကောင်ကများ...
အခုလည်း..မင်းအမေက
'ဂိုင်ဂျင်း' ကိုပဲ ထပ်ယူပြန်ပြီ...
မင်းလို မျိုးမစစ်တွေ
ထပ်မွေးမလို့နဲ့တူတယ်...ဟမ်''

ကျွန်တော့် နာမည်က ဖေဖေပေးထားတဲ့ နာမည်မို့ ဂျုံးကု ဖြစ်နေခြင်း၊ ဖေဖေက ကိုရီးယား လူမျိုးလေ၊ အဲ့ဒါကြောင့် နိဟွန်းစစ်စစ် မဟုတ်သည့် ကျွန်တော့် ကို လှောင်ပြောင်တာမျိုး ငယ်ငယ်ကတည်းက ကြုံဖူးသည်

အခု Hyung တင်မက မေမေကို့ပါ အသားလွတ် စော်ကားနေတဲ့ စကားကြောင့်.. ဒေါသက အတော်ထွက်နေပြီ၊ တော်ရုံ ရန်ဖြစ်ဖို့ ဝန်လေးတတ်တဲ့ ကျွန်တော်က...

"မင်းလို အမှိုက်က ငါ့ အမေ ကို
စော်ကား စရာမလိုဘူး..
မင်းလို မျိုးချစ်ကြီးကရော
လူရမ်းကားလိုက်လုပ်နေတာ
ဂုဏ်ယူစရာပေါ့''

အနာပေါ် တုတ်ကျသွားသည်မို့...ကျွန်တော့်
လည်ပင်းက အက်ျီစကိုဆွဲကာ...မြေပြင် ပေါ် ဆောင့်တွန်းချလိုက်သည်
ကျွန်တော်..လဲရာမှ ထကာ..လက်သီးကျစ်ကျစ်ဆုပ်ကာ...ဂန်း ရဲ့ မျက်နှာသို့ ထိုးချလိုက်သည်

ခွပ်...အား....

ပါးစပ်နားပေါက်ခါ သွေးစို့သွားသည်ကို လက်ဖြင့်သုတ်ရင်း..ဂန်း၏ လက်သီးများ ကျွန်တော့် မျက်နှာသို့ သုံးလေးချက် ဆင့်လာသည်

🌼 Sumairu 🌼 (Completed)Where stories live. Discover now