အပိုင်း ၂၃ (အပိုင္း ၂၃)

796 83 4
                                    


မှောင်မိုက်နေတဲ့ အိပ်ခန်းထဲ...တော်တော်ကြာသည်အထိ အိပ်မပျော်ပေ။ ဂျုံးကု ကို မတွေ့ရတာ ၁ လကျော် ရှိပြီ။ ဂျုံးကု ကို ခေါင်မိုးထပ်မှာ ပြောခဲ့တာတွေ လွန်သွားမိလား ခဏခဏ စဥ်းစားမိသည်။ ဒါလေး ပြောမိတာနှင့် ဘာမှ မပြောဘဲ မျက်စိရှေ့ကနေပျောက်သွားသည့် ဂျုံးကု ကို ဒေါသထွက်သလို ဝမ်းနည်းမိသည်။

အလုပ်ကိစ္စတွေကိုသာ အာရုံစိုက်ထားမိသည်။ အခု ကြော်ငြာတွေအပြင် ဧည့်သည် သရုပ်ဆောင် အဖြစ် ကမ်းလှမ်းထားမှုအား လက်ခံလိုက်သည်။ ဒါကျွန်တော့်ရဲ့ ပထမဆုံး သရုပ်ဆောင်အဖြစ် ပရိတ်သတ်တွေကို ချပြခြင်းဖြစ်သည်။ သရုပ်ဆောင်လေ့ကျင့်ရတာတွေရောကြောင့် အရင်ထက် ပိုအလုပ်ရုပ်လာသည်။ စတူဒီယိုမှာ နေ့တိုင်း မိုးချုပ်တဲ့အထိ အလုပ်လုပ်ဖြစ်သည်။

စတူဒီယိုမှ ထွက်လာတော့ ညနေ ၆ နာရီထိုးရှိချေပြီ... အလုပ်ကမပြီးသေးသည်မို့ ညစာ ထွက်စားရန် ပြင်သည်။ အဆောက်အဦး အပေါက်ဝရှေ့တွင် ရပ်နေသည့် Zee ကိုတွေ့သည်။

"ထယ်ယောင်း''

"Zee... ဘယ်သူ့ကို စောင့်နေတာလဲ''

"မင်း ကိုစောင့်နေတာ... ညစာ စားပြီးပြီလား ..မစားရသေးရင် ငါနဲ့အတူ စားရအောင်''

Zee နှင့် အတူ စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။ ရောက်လာခဲ့သည်က စတူဒီယိုအနီးရှိ ဂျပန်စားသောက်ဆိုင်သို့ပင်။ နှစ်ယောက်သား ညစာစားရင်း ဆာတေး အနည်းငယ်ပါ သောက်ခဲ့ကြသည်။ ဆူရှီလိတ်များစားရင်း ဂျုံးကု အကြောင်းတွေးမိသေးသည်။

"ထယ်ယောင်း... ဘာတွေတွေးနေတာလဲ..စားလေ...ခံတွင်းမတွေ့ဘူးလား''

"အာ..မဟုတ်ဘူး...ငါ ဂျပန်စာတွေ ကြိုက်တယ်''

"အင်း...ဒါနဲ့ မင်းရဲ့ ညီ ကို မတွေ့ပါလား''

"အ...အင်း သူ အဂ်လန် ခဏပြန်သွားတယ်''

ခေါင်းအနည်းကယ်ငြိမ့်ကာ...Zee က ဆာတေး အား ခွက်ထဲသို့ငှဲ့ပေးနေသည်။ ပြီးနောက် ဆာတေးခွက် ကိုယ်စီဖြင့် ခွက်ချင်းတိုက်ကာ မော့သောက်ချလိုက်သည်။ စားသောက်ပြီး ထိုဂျပန်ဆိုင်မှ ထွက်လာခဲ့သည်၊၊ အလုပ်မပြီးသေးသည်မို့ စတူဒီယိုသို့သာ ပြန်ဝင်သည်။ Zee လည်း မရောက်တာကြာပြီ စတူဒီယိုသို့ လိုက်လာခဲ့သည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now