တင်းမ်...တောင် (Bell ringing) 🔔 🔔 🔔
......................
06:00 AM 🕰
......................ဟင်...ဘယ်သူလဲ...အဲ့လောက် ဘဲလ်ကို နားညီးအောင် တီးနေရတာလဲ...အစောကြီးရှိသေးတယ်
အဆက်မပြတ်မြည်နေသော ဘဲလ်တီးသံကြောင့် အိပ်ယာမှ ကမန်းကတန်းထကာ ခြံတံခါး ရှေ့ထွက်ခဲ့သည်။ ဂျုံးကု ဆိုလျှင် ဘဲလ်တီးမည်မဟုတ်၊ သူစိမ်းတစ်ယောက်သာဖြစ်လိမ့်မည်ဟု တွေးကာ ခြံတံခါးဖွင့် လိုက်သည်။"ဟင်...ဆာကူရာစံ...ဘာကိစ္စ...''
"ထယ်ယောင်းစံ... ဂျုံးကု ရော...''
"သူ ညက သူငယ်ချင်း အိမ်သွားအိပ်တယ် ပြန်မရောက်သေးဘူး''
"အိမ်မှာ လူကြီးတွေ မရှိတာနဲ့ လမ်းသလားပြီ...အခု ဘာဖြစ်နေတယ်ရော သိကြရဲ့လား...''
"................''
"နင့်အဖေနဲ့ အဒေါ်ယူအာစံ တို့ ယာဥ်တိုက်မှုဖြစ်ထားလို့ ဆေးရုံတင်ထားရတယ်''
"ဟင်...ဆေးရုံ ❗... ဘယ်သူတွေလဲ''
ဆေးရုံဆိုသည့်စကားပါလာသည်မို့ ရင်တထိတ်ထိတ်ဖြင့် အကြောင်းအရာ ဆက်စပ်မိအောင် တွေးရသည်။ စကားလုံးများ မသဲမကွဲဖြစ်နေသောကြောင့် နောက်တစ်ကြိမ် ပြန်မေးမိသည်။
"ဟူးး...ထယ်ယောင်းစံ အဖေနဲ့ အဒေါ်ယူအာစံတို့ ဆေးရုံမှာ...အဲ့ဒါကြောင့်.. ဂျုံးကု ကိုခေါ်ပြီး ထမင်းဆိုင် ကိုလာခဲ့...ဆေးရုံလိုက်သွားရမယ်''
ဆာကူရာစံမှ အဖေနှင့် မေမေလေးတို့ ဆေးရုံတင်ထားရသည့်အကြောင်း ပြောပြီး နောက် ထမင်းဆိုင်သို့ပြန်သွားသည်။ စိတ်ထဲလည်း အတွေးပေါင်းများစွာတွေးမိရင်း...ဖုန်းနံပါတ်တစ်ခုအား အကြိမ်များစွာ မကိုင်မချင်း ခေါ်မိသည်။ နောက်ဆုံး ဖုန်းကောလ် ဝင်သည်အထိ.....
"ဟယ်လို.. Hyung''
"ဂျုံးကု... အခုဘယ်မှာလဲ.. အိမ်ပြန်လာ တော့...အဖေနဲ့ မေမေလေး ကားအက်စီးဒန့်ဖြစ်လို့ ဆေးရုံ တင်ထားရတယ်...အဒေါ်ယူမိစံ က ဆေးရုံ လိုက်သွားမလို့ အကိုတို့ကို ခေါ်နေတယ်''
ဗျာ❗
အဒေါ် ယူမိစံ နှင့်အတူ ကျွန်တော်နှင့် Hyung... ကျိုတိုမှ အငှားကားဖြင့် ထွက်ခွာလာကြသည်။ မေမေနှင့် ဦးလေးကင်မ်တို့ ယာဥ်မတော်တဆဖြစ်သည့်နေရာမှာ...ဖုခုအိုခါမြို့အပြင်ဘက် ကားလမ်းမ၌ ဖြစ်ပွားသည်ဟု သိရသည်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi