အပိုင်း ၁၁ (အပိုင္း ၁၁)

758 84 1
                                    

"ဂျုံးကု... ဒီနေ့ ထမင်းဘူး ပို့ရဦးမှာလား... အကို ဝယ်စရာရှိလို့ ကုန်တိုက်(Mall) လိုက်ပို့ခိုင်း မလို့''

"Hyung ဘာဝယ်မှာလဲ..ရတယ်..ကျွန်တော် မေမေနဲ့ အဒေါ် ယူမိစံ ကို ပြောထားလိုက်မယ်...ဆာကူရာစံ ကိုပဲ ဒီနေ့ ထမင်းဘူး ပို့ပေးဖို့ အကူညီ တောင်းလိုက်မယ်''

"တကယ်လား...အဲ့ဒါဆို နေ့လည်လောက် သွားကြမယ်... ရားးးအကို့ ကုကုလေးက အကောင်းဆုံး ပဲ''

Hyung က သူ လုပ်ချင်တာ လုပ်ရပြီဆို ပျော်သွားပုံက တကယ့် ကလေး လိုမျိုးပဲ...

Hyung နှင့်အတူ စျေးဝယ်ထွက်ဖို့ ခွင့်တောင်းရန် မေမေ့ထမင်းဆိုင်သို့ သွားသည်။
နာရီကြည့်တော့ ၁၀ နာရီသာ ရှိသေးသည်။ သည်အချိန်ဆို ဆိုင်မှာ လူရှင်းသည်။ နေ့လည်လောက်ဆို အတော် လူကျနေပြီဖြစ်လို့ ထမင်းဘူးပို့ရန် ငြင်းလို့ရမည်မဟုတ်သောကြောင့် ကြိုတင်ခွင့်တောင်းရန် ခပ်စောစော လာခဲ့ခြင်းဖြစ်သည်။

ဆိုင်ရှေ့မှာ တံမြက်စည်းလှဲနေတဲ့ အကို စိုင်းစံ ကိုတွေ့သည်။ မေမေနှင့် အဒေါ်ယူမိစံ တို့ အထဲမှာရှိကြောင်း မေးလွှဲကာ အရိပ်အကဲပြသည်။ အကိုစိုင်းစံက အနေအေးဆေးပြီး စကားသိပ်မပြောသည့်လူဖြစ်သည်မို့ ကျွန်တော် ခေါင်းလေးညိမ့်ကာ ဆိုင်ထဲသို့ဝင်သည်။ ပဲတီပင်ပေါက်တွေ ခြွေနေသည့် မေမေနှင့် အဒေါ်ယူမိစံက မျက်နှာချင်းဆိုင်ထိုင်လျက် စကားပြောနေကြသည်။ အရင်တခေါက်က အဒေါ်ယူမိစံ တို့ အကြွေးကိစ္စ ဘယ်လိုဖြစ်သွားလဲ ဆိုတာ သတိရမိလာသည်။

"ယူအာ...မမ အမျိုးသားနဲ့ သွားဖို့ စီစဥ်ထားတဲ့ ခရီးလေးရှိတယ်...အခု သူ့က အလုပ်ကိစ္စတွေ အာရုံ ထားနေရတော့ အဲ့ခရီး မသွားဖြစ်တော့ဘူး''

"မမ...စိတ်မကောင်းဖြစ်နေတာလား''

"မဟုတ်ပါဘူး... အခု မမ အလုပ်ကိုပဲအာရုံစိုက်ရမှာပေါ့..ငွေပဲ ကြိုးစားရှာရမယ်လေ...အဲ့ဒါကြောင့် မမ..ဘိုကင်လုပ်ထားတဲ့ ခရီးစဥ်ကို ယူမိနဲ့ ကင်မ်စံ တို့ကို သွားစေချင်တာ''

"မဟုတ်တာ..မမရယ်...မမသွားဖို့စီစဥ်ထားတာပဲ...သွားပါ..မမဒီတလော စိတ်ဆင်းရဲနေရတယ် မဟုတ်လား...စိတ်အပန်းပြေတာပေါ့''

🌼 Sumairu 🌼 (Completed)Where stories live. Discover now