Hidden Cast 1

877 54 0
                                    


{The Last time in Korea}


Unicode ***

"ဒီက...''

".. စောနက ဖုန်းဆက်လိုက်တဲ့ သူပါ''

"ဟုတ်ကဲ့ ဒီမှာ စာရွက်စာတမ်းတွေ လက်မှတ်ထိုးပေးပါဦး...ဆေးရုံစရိတ်က ဟိုမှာရပ်နေတဲ့ အကိုရှင်းပြီးသွားပါပြီ...အမှုဖွင့်မယ်ဆိုရင် ကျွန်မတို့ ဆေးရုံက ဆေးစာထုတ်ပေးပါမယ်..လူနာရှင်မိသားစုရဲ့ သဘောပါ''

"........''

"ဒါက လူနာရဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်နဲ့ ဒီဘူးတစ်ဘူး၊ ဆေးရုံကိုပါလာတဲ့ ပစ္စည်းတွေပါ...အုပ်ထိန်းသူကို ပြန်အပ် လိုက်ပါမယ်''

ထယ်ယောင်း..  ဖုန်းဆက်ခေါ်သည့် ဆေးရုံသို့ အပြေးအလွှားရောက်လာခဲ့သည်။ ဂျုံးကု ယာဥ်တိုက်မှုဖြစ်၍ အရေးပေါ် ခန်းထဲသို့ ရောက်နေသည်ကို ကြားရသည်နှင့် ထယ်ယောင်း ရင်တစ်ခုလုံး စုတ်ဖြဲခံလိုက်ရသည့်နှယ် စွံ့အနေမိသည်။ ထယ်ယောင်း ဤသို့ အခြေအနေမျိုးကို ဂျုံးကု နှင့်အတူ ကျိုတိုမှာ ကြုံတွေ့ဖူးသည်မို့ ခြေလက်များ အေးစက်လျက် အလွန်တရာကြောက်လန့်နေမိသည်။

'အကို့ကို မထားခဲ့ပါနဲ့ ဂျုံးကု ရယ် အကို မှားပါတယ်'

ခြေလက်များတုန်ရီစွာဖြင့် ခွဲစိတ်ခန်းရှေ့၌ ထိုင်စောင့်သည်။

လက်ထဲရှိ ဂျုံးကု၏ ပစ္စည်းများ ကို ကြည့်မိသည်။ ပိုက်ဆံအိတ်ကတော့ အကောင်းအတိုင်းပင်၊ ဖုန်းကတော့ မျက်နှာပြင်က မှန်များကွဲအက်လျက်၊ ဘူးသေးသေးလေးကတော့ သွေးအချို့ စွန်းနေလျက် တွေ့ရသည်။

'ဒါ ...ဂျုံးကု ရဲ့ သွေးတွေ'

ထယ်ယောင်း တုန်ရီစွာပင် အားတင်းကာ ထိုဘူးလေးအား ဖွင့်ကြည့်လိုက်သည်။

Couple Rings!!

ဆင်တူလက်စွပ်လေး ကို ထယ်ယောင်းမြင်တွေ့လိုက်ရသည့်အခါ ရင်ဘတ်တို့ စူးနင့်လျက် အော်ဟစ်ငိုမိသည်။

"ဘာလို့....ဂျုံးကု....
အကို.. တောင်းပန်ပါတယ်...
အကို့အမှားတွေပါ...
အကို့ကို မထားခဲ့ပါနဲ့...
ဂျုံးကု...အကို လိမ်ပြောမိတာ... အကိုတောင်းပန်ပါတယ်..''

🌼 Sumairu 🌼 (Completed)Where stories live. Discover now