အပိုင်း ၃၄ (အပိုင္း ၃၄)

654 77 0
                                    


ဂျုံးကု စိုးရိမ်မိသည်မှာ ထွက်ပေါ်နေသည့် ကောလဟာလများကြောင့် ထယ်ယောင်းကို မထိခိုက်စေလို၊ သူနှင့်ထယ်ယောင်းကြား တည်ဆောက်ထားသည့် ခံစားချက်များအား မရောထွေးစေလိုသည်မှာ အမှန်ပင်။

"Hyung ရိုက်ထားတဲ့  ဇာတ်ကား က ကြည့်ရှူမှုအများဆုံးထဲရောက်နေတယ်... Hyung ကတော်လိုက်တာဗျာ''

ထယ်ယောင်း အဝတ်လဲနေရာမှ မီးဖိုချောင်ထဲတွင် ဟင်းချက်ရန်အလုပ်ရှုပ်နေသည့် ဂျုံးကု အား လှမ်းကြည့်လိုက်ပြီးဖြေလိုက်သည်။

"မင်းမြှောက်ပြောနေပြီ...ဇာတ်လမ်းကောင်းမို့လို့ အောင်မြင်တာ..အကိုက ဇာတ်ပို့နေရာကနေပါဝင်အားဖြည့်ရတာလေးပါပဲ''

ဟင်းခွက်များစားပွဲပေါ်ချလိုက်ရင်း... ဂျုံးကု က ဆိုသည်...

"Hyung ကို အားပေးတဲ့ ပရိသတ်တွေ များလာပြီလေ...တက်သစ်စ မင်းသားအဖြစ် သတ်မှတ်ခံရတော့ မယ် လို့ Fan တွေ ပြောနေကြတယ်''

ထမင်းစားပွဲတွင် ထယ်ယောင်း နေရာယူရင်း... ''အကိုအများကြီးမမျှော်လင့်ဘူး...အကောင်းဆုံးပဲ လုပ်ပြချင်တယ်''

"Hyung က ကျွန်တော့် မျက်လုံးထဲမှာ  အတော်ဆုံးပါပဲဗျာ''

ပြုံးရယ်နေသည့် ဂျုံးကုအား ထယ်ယောင်း ကြည့်ရင်း အသာအယာခေါင်းရမ်းမိလေသည်။
နှစ်ယောက်သား ညစာကောင်းမွန်စွာ စားသောက်ပြီးနောက် မီးဖိုချောင်အခန်းမီးအား ပိတ်လျက် ဂျုံးကုက အလုပ်လုပ်ရန် ဧည့်ခန်းရှိစားပွဲသို့သွားလေသည်။ ထယ်ယောင်းကမူ ပင်ပန်းနေပြီမို့ အိပ်ခန်းထဲသို့သာဝင်လေသည်။

အိပ်ယာထက်၌ လှဲလျောင်းရင်း ဖုန်းဖွင့်ကာ လိုင်းပေါ် ရှိသတင်းများ ဖတ်ကြည့်နေသည်။ ထယ်ယောင်း သူပါဝင်ရိုက်ကူးထားသည့် ဇာတ်လမ်း Review များအား  ဖတ်ကြည့်မိသည်။ ဇာတ်ဆောင်နှင့် ဇာတ်ရံအတွဲများအား အပြိုင် အားပေးနေသည့် ပရိသတ်၏စာများကြောင့် ထယ်ယောင်းပြုံးမိသည်။ သရုပ်ဆောင် စတင်လုပ်ဆောင်ခြင်း၏ ရလဒ်များမှာ ထင်ထားသည်ထက် အခြေအနေကောင်းမွန်နေသည်ဟု ထယ်ယောင်းတွေးနေမိသည်။

အွန်လိုင်းစာမျက်နှာအား အထက်အောက်ရွေ့ကြည့်ရင်း အမှတ်မထင် ထယ်ယောင်း၏ အာရုံကို ဖမ်းစားလိုက်သည့် သတင်းတစ်ပုဒ်အား တွေ့လိုက်ရသည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now