နေရောင်နွေးနွေးလေးနှင့် ကြည်လင်နေသည့် ကောင်းကင်ပြာကြီးကို ငေးကြည့်ရင်း ဦးလေးငယ်၏ စက်ဘီးဟောင်းလေးအား ခြံဝင်းထဲမှ ထုတ်ကာ လမ်းချိုးလေးအတိုင်း ထယ်ယောင်း.. ဂျုံးကု အား စက်ဘီးပေါ်တင်နင်းလာခဲ့သည်မှာ စတော်ဘယ်ရီခြံရှေ့သို့ ရောက်ချေပြီ။ စက်ဘီး ဘရိတ်အားဖြေးညင်းစွာညှစ်လိုက်ပြီး မြေကြီးပေါ်သို့ ခြေထောက်တစ်ဖက်ထောက်ကာ ထယ်ယောင်း... ဂျုံးကု အား လှည့်ကြည့်သည်။"ဒီခြံပေါ့''
ဂျုံးကု အမေးအား ခေါင်းငြိမ့်ပြလျက် ထယ်ယောင်း ဖြေသည်။ ခြံဝင်းရှေ့ စက်ဘီးရပ်ကာ စတော်ဘယ်ရီရုံ အတွင်းသို့ ဝင်ကြသည်။ စတော်ဘယ်ရီအပင်များအား အတန်းလိုက် စီတန်းစိုက်ထားသည်မှာ ပေ ၁၀၀ အရှည်ရှိသည့် ရုံတလျောက် ရှိနေလေသည်။ ရုံအတွင်း ခပ်လှမ်းလှမ်းမှ မြင်လိုက်ရသည်က ဦးလေးငယ်ပင်....
"ထယ်လေး...ရောက်လာပြီလား''
ပြုံးရယ်လျက် နူတ်ဆက်သည့် ဦးလေးငယ်... မတွေ့ရတာ ကြာပြီ ထင်ပါ့... ဦးလေးငယ်၏ ငွေမှင်ရောင် ဆံပင်များ ပိုများလာလေသည်။
"ဟုတ်တယ် ဦးလေးငယ်.. ကျွန်တော် မနေ့က ရောက်တာ... ဦးလေးငယ်နဲ့ ဒေါ်လေးတို့အတွက် လက်ဆောင်တွေပါတယ်..နေ့လည် ဦးလေးငယ်အိမ်ဆီ ယူလာခဲ့မယ်''
"ဟုတ်ပါပြီ...မင်းဒေါ်လေးကလည်း မင်းကိုတွေ့ချင်နေတာ...နေ့လည်စာ အိမ်မှာ ထမင်းလာစား''
"ဟုတ်ကဲ့..ဦးလေးငယ်...ဒါ ဂျုံးကု''
ထယ်ယောင်း ဘေးက ဂျုံးကု အား ဦးလေးငယ် သေချာစွာ စူးစိုက်ကြည့်သည်။
"ဂျုံးကု ဆိုတာ မင်းလား....လူချောလေးပဲ''
"ဟုတ်...ကျွန်တော်က ဂျုံးကု ပါ...ဦးလေး..တွေ့ရတာ ဝမ်းသာပါတယ်ဗျာ''
ဦးလေးငယ်နှင့် ဂျုံးကု နူတ်ဆက်စကားဆိုပြီးနောက်...စတော်ဘယ်ရီအပင်တွေအကြောင်း...ထယ်ယောင်း အကြောင်း...အဘိုးအဘွားတွေ အကြောင်း.. စုံစုံလင်လင်ပြောဆိုကြလေသည်။ လူအများနှင့် ပေါင်းသင်းဆက်ဆံရေး ပြေပြစ်လှသည့် ဂျုံးကု အား ထယ်ယောင်း ငေးကြည့်ရင်း...ကုကုစံဆိုသည့် ဂျပန်လေးအား သတိရလျက်... ဂျုံးကု ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ပြီဟု တွေးမိသည်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi