Unicode***
မေမေလေးနှင့် Jonathan တို့ အခြားမြို့သို့ အလုပ်ကိစ္စတချို့ကြောင့် သွားရမည်ဖြစ်သည်။
တိုက်ဆိုင်သွားသည့်နှယ် ထယ်ယောင်း အဂ်လန်သို့ ရောက်လာသည့်ရက်နှင့် တိုးသည်မို့ ထယ်ယောင်းအတွက်လည်း ဂျုံးကု နှင့် နီးစပ်ရန်အလို့ငှာ အသင့်ဖြစ်သွားလေသည်။"သား...အန်တီတို့ စိတ်ချမယ်နော်''
"ဟုတ်ကဲ့ အန်တီ ဂရုစိုက် သွားပါ''
"သား ဒီနေ့ တစ်ရက်တော့ ဟိုတယ်မှာ မတည်းပါနဲ့ ဒီမှာပဲ ဂျုံးကု ကို ဂရုစိုက်ပေးပါ အန်တီ အကူအညီတောင်းပါရစေ''
"စိတ်ချပါ အန်တီ ကျွန်တော် အစစအရာရာ ဂရုစိုက်ပေးပါ့မယ်''
"ကျေးဇူးပါ သားရယ်...ဂျုံးကု သားကို တခုခု စိတ်ခိုက်အောင်ပြောရင် စိတ်မကောင်းမဖြစ်ပါနဲ့...သူ နာကျင်ခံစားနေရတာ သား သိတယ်မဟုတ်လား...အန်တီတို့ သူအားတက်လာအောင် ကြိုးစားပေးရအောင်''
. . . .
ဂျုံးကု တနေ့လုံးနီးပါး ခြံဝန်းထဲ၌သာ အနေများသည်။ သူနှစ်သက်သည့် ပန်းချီများရေးဆွဲရင်း အချိန်ကုန်လေ့ရှိသည်။ ထယ်ယောင်း အိမ်သို့ ရောက်နေသည်ကို ပင် ဂျုံးကု မသိချေ။
မေမေလေးနှင့် Jonathan မှ အလုပ် အလုပ်ကိစ္စအတွက် အခြားမြို့သို့ သွားရမည်ကိုသာ သိထားလေသည်။ထယ်ယောင်း ဂျုံးကု အတွက် ဂရုတစိုက် ညနေစာ ပြင်ဆင်ချက်
ပြုတ်ပေးသည်။ ဂျုံးကု ခြံဝန်းထဲမှ အိမ်ထဲသို့ ဘီးလုံးတလှိမ့်ခြင်းလှိမ့်၍ ဝင်လာသည်။ စားဖိုဆောင်ထဲတွင် ကျောပေးလျက် အလုပ်ရှုပ်နေသောသူတစ်ယောက်အား တွေ့လိုက်ရသည့်အခါ ဂျုံးကု လက်ထဲမှ စာရွက်အချို့နှင့် စုတ်တံများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ထယ်ယောင်း လှည့်မကြည့်မီ အချိန်အတွင်း ဂျုံးကု ဝှီးချဲအား လှည့်ကာ စားဖိုဆောင်မှ ထွက်ရန်ပြင်လေသည်။ ထယ်ယောင်း...ဂျုံးကု အနားသို့အရောက်သွားကာ ဝှီးချဲရှေ့၌ ပိတ်ရပ်လိုက်သည်။ ဂျုံးကု ရှောင်ထွက်ရန်ကြိုးစားသော်လည်း မရချေ။ ထယ်ယောင်း ဂျုံးကု ရှေ့ ဒူးထောက်ချလျက် ဂျုံးကုမျက်နှာအား ပထမဆုံး နီးကပ်စွာစိုက်ကြည့်လေသည်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi