{I love you from my deepest heart but you never recognize me - Part 1}
Unicode ***
(A/N နောက်အတွဲလေးရဲ့ Hidden Castပါ)
"ဟေ့ ကလေးလေး ဘာလို့ ငိုနေတာလဲ''
ကစားကွင်း၏ ရောင်စုံ ခုံတန်းရှည်ပေါ်၌ ကလေးလေးတစ်ယောက် ရေခဲမုန့် ကတော့လေးကိုင်ကာ ငိုယိုနေလေသည်။ ခုံတန်းအောက်ခြေ၌ ရေခဲမုန့်များက ပျံ့ကြဲနေလျက်ရှိသည်။ ကောင်လေး စကားသံကြားသည့်အခါ ထိုကလေးလေး မျက်နှာ မော့ကြည့်လာသည်။
ဆံပင်တိုတိုကလေး၊ ကြိုးသိုင်းအက်ျီမိုးပြာရောင်နုနုလေးဝတ်ဆင်ထားပြီး ပန်းရောင်သမ်းနေသော ပါးမို့မို့လေး၊ နီရဲတွတ်နေသော ပန်းသီးသဖွယ် နူတ်ခမ်းဖူးဖူးလေးနှင့် ကလေးလေးအား မြင်လိုက်သည့်အခါ ကောင်လေး အံသြမှင်သက်သွားမိသည်။ အလွန် ချစ်ဖို့ကောင်းသည့် ကလေးလေးဟု တွေးမိသည်။
"သားသားက ရေခဲမုန့်မစားလိုက်ရလို့ ငိုနေတာလား..ကိုကို့ ရေခဲမုန့် ကိုယူလိုက်ရော့''
ရေခဲမုန့်လေးလှမ်းပေးလိုက်ကာမှ ကလေးလေး၏ မျက်နှာပို၍ ဆူပုတ်သွားလေသည်။
"ရော့.. မယူဘူးလား...ချောကလက်ရေခဲမုန့်မကြိုက်ဘူးလား...ဘာအရသာစားချင်လဲ ပြော ကိုကိုဝယ်ပေးမယ်''
"စားဘူး...ဟွန့်''
ကလေးလေး၏ ဆူပုတ်ပုတ်မျက်နှာလေးကြောင့် ကောင်လေး အနားမှမခွာနိုင်ဘဲ ငုတ်တုတ်လေးထိုင်ချကာ ကလေးလေးအား ချော့မြူသည်။
"ကိုကို့ကို သဘောမကျဘူးလား...ကလေးလေးက
မေမေနဲ့အတူလာတာလား ဖေဖေနဲ့အတူလာတာလား...''
"မကျောဘူး..တွား''
"ဟား..ဟား''
ကလေးလေး၏ မပီကလာပီကလာ အသံလေးကြောင့် ကောင်လေး ရယ်မိသည်။
.
.
.
.
ကောင်လေး မထင်မှတ်ထားသည်က ထိုကစားကွင်းက ကလေးလေးနှင့် ပြန်ဆုံရမည်ကိုပင်။
"အကိုဟန်... ဒီကောင်လေးကို သေချာပြုစုပျိုးထောင်ပေးပါ... အကိုဆီ စိတ်ချလက်ချ အပ်ခဲ့ပါတယ်''
"မင်းအသက် ဘယ်အရွယ်ရောက်ပြီလဲ''
"၁၅ နှစ်ပါ''
"အင်း...မင်းကလူချောပဲ...ဖအေတူသားမို့နေမယ်...မင်းအဖေနဲ့ ငါနဲ့က ညီအကိုအရင်းတွေလိုပဲ အတူတူ စစ်မှုထမ်းခဲ့ရတာ...ငါ သူ့ကိုပေးထား တဲ့ကတိအတိုင်း စောင့်ရှောက်ပေးဖို့ ခေါ်ထားမယ်..
နာမည်က Siwon မဟုတ်လား... မင်း ငါ့စကားနားထောင်ရင် မင်းအတွက် တက်လမ်းတွေအများကြီးရမယ်..ငါ့စကားနားမထောင်တဲ့နေ့...မင်းငါ့အရိပ်အောက်ကနေ ထွက်သွား ရမယ်...ကြားလား''
YOU ARE READING
🌼 Sumairu 🌼 (Completed)
Фанфикшн[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi
