အပိုင်း ၇ (အပိုင္း ၇)

832 89 1
                                    

"ဝင်လာပြီနော်''

တဖြေးဖြေး ရင်းနှီးလာတော့... ဂျူံးကု အခန်းထဲ ဝင်ချည်ထွက်ချည် လုပ်ဖြစ်နေတာ တံခါးပင်ခေါက်စရာ မလို၊

"(nae) Hyung... ခဏစောင့်ဦး ကျွန်တော် အက်ျီလဲလိုက်ဦးမယ်''

"အင်း...''

ဂျုံးကု အခန်းထဲ ဝေ့ဝဲကြည့်ရင်း..စားပွဲက ဖြန့်ထားတဲ့ စာအုပ်ပေါ် မျက်စိကျမိတယ်၊
ပန်းချီစာအုပ်ပဲ!!
ဂျုံးကု က ပန်းချီဆွဲ တော်သည်၊ မေမေလေးပုံ၊ ဂျုံးကု အဖေပုံများ နှင့် သဘာဝရူခင်းများကို ကျကျနန ရေးဆွဲထားသည်၊ ဂျုံးကု ဒီလောက် ပန်းချီဆွဲ တော်မှန်း ကျွန်တော် အခုမှသိသည်၊

"ဂျုံးကု ... မင်း ပန်းချီဆွဲ တော်လှချည်လား..ဆွဲထားတာတွေ မိုက်တယ်''

"ဟမ်..အား..ခဏ...''

ကျွန်တော့် ပန်းချီသာအုပ်အား တစ်ရွက်ချင်း လှန်ကြည့်နေသည့် Hyung အား...လှမ်းတားမိသည်

"Hyung ..တခြားစာအုပ်ပြမယ်...ဒါက.. ဟို...''

အလန့်တကြားစာအုပ်ဆွဲယူနေတဲ့ ဂျုံးကု..ဧကန်န..ဒီစာအုပ်က... လျှို့ဝှက်ချက် တွေရှိနေပုံပဲ

"ဘာလဲ..အကို့ကိုတောင် ပေးမကြည့်ဘူးပေါ့..ဂျုံးကု ကြိုက်နေတဲ့ ကောင်မလေးပုံတွေပါ ဆွဲထားလို့လား''

"ဟို...ကျွန်တော်... အင်း...
ကျွန်တော်.. ချစ်တဲ့လူတွေကို
ဒီစာအုပ်ထဲမှာ ပန်းချီဆွဲထားတာ
အမြဲသတိရနေအောင်လို့လေ..
အဲ့ဒါကြောင့်''

ကျွန်တော် လိမ်မပြောချင်ပင်မယ့် အမှန်တိုင်းလည်း ဘယ်လိုပြောပြရမှာလဲ...
စာအုပ်ထဲမှာ Hyung ပုံတွေပါဆွဲထားတယ်လေ..ကျွန်တော် Hyung ကို သဘောကျတယ်... အကိုတစ်ယောက်လိုလည်းချစ်တယ်..ပြီးတော့...ပြောမပြတတ်ဘူး...ရင်ထဲတစ်နေရာမှာ..Hyung က နေရာယူထားတယ်၊ Hyung အနားမှာ နေရတာ..ကျွန်တော် ပျော်တယ်..ဒီအတိုင်းလေးပဲ...

"အင်း..ပါ.. မကြည့်တော့ဘူး...ဂျုံးကု.. ရည်းစားရနေရင်လည်း ပြောပြဦးနော် အကို့ကို..လျှိုမထားနဲ့''

"အာ...မရှိသေးပါဘူး.. Hyung ရာ...
မနက်စာ.. စားပြီးပြီလား ''

ရှက်ကိုးရှက်ကန်း နှင့်... အကြောက်အကန်ငြင်းရသည်၊ ရင်တောင်တဒိန်းဒိန်း ခုန်လို့..သူခိုးလူမိသွားလို့ ထင်တယ်၊
မနက်စာ စားပြီး မေမေနှင့် ဦးလေး ကင်မ် အား နူတ်ဆက်ကာ Hyung နှင့်အတူ ကျောင်းသွားကြသည်၊

🌼 Sumairu 🌼 (Completed)Where stories live. Discover now