အပိုင်း ၁၇ (အပိုင္း ၁၇)

776 80 2
                                    


ဒီရက်ပိုင်း အေဂျင်စီသို့ ကျွန်တော့်နာမည် ကတ်များပါသည့် လက်ဆောင်များ နေ့တိုင်း ရောက်ရှိနေသည်။ ကျွန်တော့် ဖန်တွေ ပေးတယ်လို့ပဲ တွေးချင်ပင်မယ့် လက်ဆောင်တစ်ဝက်လောက်က PARADISE UK မှဖြစ်ပြီး ကျန်တစ်ဝက်မှာ အမည်ဖော်ပြခြင်းမရှိသည့် လက်ဆောင်များဖြစ်လေသည်။

ရုံးက ဝန်ထမ်းတွေကတော့ PARADISE UK က အကိုထယ်ယောင်းကို အတော်သဘောကျနှစ်သက်သည်လို့ ပြောကြသည်။ ဖန်အသစ်တွေလည်း ရနေပြီလို့ ကျေနပ်အားရစွာ ပြောနေကြသည်။ အမည်ဖော်ပြခြင်းမရှိသည့် လက်ဆောင်များမှာ ပန်းစည်းနှင့် ရေမွှေးများ ဖြစ်သည်။ ကျွန်တော့် စိတ်ထဲ အနည်းငယ် ထူးဆန်းနေသည့် ခံစားချက်မျိုးရနေသည်။

"ထယ်ယောင်း... မင်းဒီနေ့ ည ၇ နာရီ ပွဲတက်ရမယ်နော်...အင်းDinner ပွဲတွေ မလိုက်တော့တာ သိပင်မယ့် အခုက...Project အသစ်က လုပ်တဲ့ပွဲဆိုတော့ မဖြစ်မနေတက်ရလိမ့်မယ်''

"(nae)''

"အမ Dinner ပွဲကို အပို့အကြိုလုပ်ပေးမယ်လေ...ထယ်ယောင်း အဆင်ပြေအောင် လုပ်ပေးမယ်''

" ကျေးဇူးပါ အမမီယောင်း...ဒါနဲ့ ကျွန်တော် ဘာအရောင် ဝတ်သွားရမလဲ''

"အမ Stylist ကို မှာပြီးပြီ...မင်းအတွက် စီစဥ် ပေးထားတယ်''

PARADISE UK ၏ ပွဲသို့ ည ၇ နာရီ အမီ ရောက်လာခဲ့သည်။ ကျွန်တော် အား ရှပ်အက်ျီ အဖြူခံ၍ အနောက်တိုင်းဝတ်စုံ ခရမ်းရောင်ရင့်ရင့် ဆင်ပေးသည်။ ကျွန်တော် နှစ်ခြိုက်စွာ ဝတ်ဆင်လေ့ရှိသည့် နားဆွဲအား နားတစ်ဖက်တွင် ဝတ်ဆင်လျက် ပွဲတက်ဖြစ်သည်။ ကင်မရာမီးရောင်အောက်မှာ ကျွန်တော့်၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်ရသည်။

SK Group နဲ့ PARADISE UK မှ တာဝန်ရှိသူများနှင့် တွေ့ဆုံနူတ်ဆက်သည်။ အခမ်းအနားအစီအစဥ် များနှင့် ညစာဘူဖေးများ ဧည့်ခံသည်။ ကျွန်တော် က Diet လုပ်နေသည်မို့ သစ်သီးများကိုသာ ရွေးချယ်သည်။ အမမီယောင်းကတော့ စုံလင်လှသည့် မီနူးများမှ နှစ်သက်ရာကို ရွေးချယ်သည်။ ကျွန်တော် တို့ စားပွဲဝိုင်းသို့ မန်နေဂျာ မင် ရောက်လာပြီး ဧည့်ခံသည်။ ထို့နောက် မိုက်ကယ်လ် လည်း သူ့လုပ်ဖော်ကိုင်ဖက်များကိုနူတ်ဆက်ပြီးနောက် ကျွန်တော်တို့ဝိုင်းဆီ ရောက်လာသည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now