အပိုင်း ၁၅ (အပိုင္း ၁၅)

763 77 3
                                    

ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်ခြင်းတွေ ဂယက်ရိုက်ခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်က စတင်ခဲ့တာဖြစ်လိမ့်မည်။ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင်....ဒါမှမဟုတ် ကျွန်တော် သာ အချိန်မီ ရောက်သွားခဲ့ရင်...ဒီလိုတွေ ဖြစ်မလာလောက်ဘူးလို့ ထင်မိသည်။ ကျွန်တော့်ရဲ့ အပြစ်တွေလို့ ခံစားနေရသည်။ ကျွန်တော် အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့မိတာလား......

လွန်ခဲ့သည့် တစ်နှစ် =================


ကျွန်တော် ဒယ်ဂူးကို ပြန်ရောက်တာ တစ်ပတ်ရှိပြီ။ လူကတော့ ဒယ်ဂူးမှာ စိတ်ကတော့ ကျိုတိုမှာ ကျန်နေသလိုပင် တစ်ယောက်တည်း ကျန်ခဲ့သည့် ဂျုံးကု အား စိတ်ပူနေမိသည်။ LINE ကနေ ဂျုံးကု နဲ့ စကားပြောဖြစ်တယ်။ သူအဆင်ပြေပါတယ်တဲ့၊ အဆင်မပြေလည်း ပြောမပြတတ်သည့်ကလေးမို့ ခက်သည်။ ဂျုံးကု သူငယ်ချင်းတွေဖြစ်တဲ့ ယူတစံ နဲ့ အိချိခစံ တို့ကိုပါ LINE ကနေ အခြေအနေလှမ်းမေးကြည့်ရသည်။ ဂျုံးကု ကို ဂရုစိုက်ပေးဖို့ အကူအညီတောင်းထားရသည်။

ဒီလိုနဲ့ ကျွန်တော် ဂျုံးကု နဲ့ ဝေးတာ ဒီဇင်ဘာလကစလို့ အခု မေလဆိုတော့ ခြောက်လနီးပါးရှိချေပြီ။ အိချိခစံ ဆီက ကြားရတဲ့ သတင်းအရ ဂျုံးကု အဒေါ်မိသားစု၏ အကြွေးများကြောင့် ထမင်းဆိုင် ဆက်မဖွင့်တော့သည့် အကြောင်း သိရသည်။ ကျွန်တော် ကျိုတို သို့ အပြေးသွားချင်ပင်မယ့် အခြေအနေက မျက်နှာသာမပေးသည့်နှယ် ကျွန်တော့် အဘွားနေမကောင်းဖြစ်တာနဲ့ကြုံသည်။ ဤသို့ဖြင့် ဂျုံးကုနှင့် ဖုန်းဖြင့်သာ ဆက်သွယ်ခဲ့သည်။

ကျွန်တော် အောက်တိုဘာလမှာ ကျောင်းပိတ်ရက် ရသည်မို့ ကျိုတိုသို့ ၂ ရက်လောက်သွားရန် အခွင့်အရေးရခဲ့သည်။

💬....ဂျုံးကု ... အကို ဒီအပတ် စနေနေ့ ကျိုတိုကို လာခဲ့မယ် စောင့်နေနော်

တကယ်လား...စောင့်နေမယ် Hyung....💬


D-Day at Kyoto ........

"ဂျုံးကု...ဂျုံးကု...ကုကုစံ....''

ခြံတံခါး က လော့မချထားသည်မို့ အလွယ်တကူပင်ဝင်လာခဲ့သည်။ အချိန်တစ်နှစ် ကြာခဲ့ပင်မယ့် သည်အိမ်လေးကတော့ ပုံစံမပြောင်းသေး..အရင်အတိုင်းပဲ ရှိနေသည်။ ဂျုံးကု ကိုတွေ့ချင်ဇော နှင့် အိမ်ထဲသို့ ခြေလှမ်း သွက်သွက်ဖြင့် ဝင်လာခဲ့သည်။
အံသြဖို့ ကောင်းသည်မှာ အိမ်က လူနေသည့်ပုံမပေါ်.....ပရိဘောဂပစ္စည်းများ အနည်းငယ်သာ ကျန်ရှိနေသည့် အိမ်က ကျွန်တော့်အား ထိတ်လန့် ခြောက်ခြားစေသည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now