"ဂျုံးကု.. ''
Zee နှင့် ဂျုံးကု လုံးထွေးသတ်ပုတ် နေသည်ကို လူစုခွဲရန် ဝန်ထမ်းအချို့နှင့် ထယ်ယောင်းတို့ အုပ်စု ရောက်လာခဲ့သည်။
နှစ်ယောက်သား မျက်နှာမှာ အပေါက်အပြဲဒဏ်ရာများနှင့် ပြည့်နေလေသည်။
ဂျုံးကု ထံသို့ ဝန်ထမ်းအချို့ပြေးသွားကြပြီး အမမီယောင်းက Zee ထံပြေးသွားပြီး ရန်မဖြစ်ရန် ဖြောင်းဖြပြောဆိုကြသည်။"Zee..မောင်လေး..တော်တော့ ဘာကိစ္စမှန်းမသိပင်မယ့် စကားနဲ့ပဲ ဖြေရှင်းကြပါကွယ်''
ဂျုံးကု မျက်နှာက ဒဏ်ရာထက် Zee မျက်နှာမှာ အပေါက်အပြဲများက ပိုများနေသယောင်...
"Hyung''
ဂျုံးကု ထယ်ယောင်းအား လှမ်းကြည့်လိုက်သည်။ ယွန်းလေးနှင့် အခြားသူတွေက ဂျူံးကုပြေးလာပြီး တားဆီးကြသည်။ သို့သော် ထယ်ယောင်းက အမမီယောင်းနှင့် Zee တို့ ထံသို့ ပြေးသွားကြလေသည်။ ဂျုံးကု သူ့မျက်လုံးများက ဝေးဝါးလာသည်ဟု ခံစားရသည်နှင့် တပြိုင်နက် ဝမ်းနည်းမှုကိုပါ ကြုံတွေ့ ခံစားလိုက်ရလေသည်။
"Zee ငါ တောင်းပန်ပါတယ်... မင်းဆေးခန်းသွားမလား''
"Hyung သူ့ကို တောင်းပန်စရာမလိုဘူး''
ထယ်ယောင်း ဂျုံးကု အား ခပ်စူးစူးရဲရဲ လှည့်ကြည့်လိုက်သည်။
"Zee တောင်းပန်ပါတယ် မင်းကိုလည်း ပြဿနာ မဖြစ်စေချင်ဘူး..ကြားထဲက ငါပဲ တောင်းပန်ပါရစေ..''
"ထယ်ယောင်း...ငါ မင်းမျက်နှာကို ထောက်ပြီး ကြေအေးလိုက်မယ်....''
ဂျုံးကု ဒေါသနှင့် ဝမ်းနည်းမှုတွေကြောင့် ရင်ထဲ ဗလာင်ဆူနေလျက် အသက်ရှူသံများသည် ရင်ဘက်၌ နှိမ့်ချည် မြင့်ချည် ဖြစ်နေတော့သည်။ ထယ်ယောင်းက Zee အား သူ့ကားထံသို့ တွဲကာ လိုက်ပို့ပေးသည့် မြင်ကွင်းကြောင့် ဂျုံးကု ဘေးကပ်ရပ်ရှိ နံရံအား လက်သီးကျစ်ကျစ်ဆုပ်ကာ ထိုးချလိုက်မိစေသည်။
"မိုက်ကယ်လ်.. မလုပ်ပါနဲ့''
ဂျုံးကု လက်မောင်းအား ယွန်းလေး ပြေးဆွဲလိုက်သည်။ ဂျုံးကု လက်မောင်းအား ပြန်ရုတ်လျက် ယွန်းလေးနှင့် အခြားသူများထံမှ ထွက်ခွာလိုက်ပြီး ထယ်ယောင်းဆီသို့ သွားသည်။ ထယ်ယောင်း လက်ကောက်ဝတ်အား ကျစ်ကျစ်ပါအောင်ဆွဲလိုက်ပြီး ကားပေါ်သို့ တင်ကာ ထိုကားပါကင်မှ ထွက်လာခဲ့သည်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi