အပိုင်း ၃၀ (အပိုင္း ၃၀)

652 75 0
                                    

ရ်ိုက်ကူးရေးသို့ ထယ်ယောင်း ရောက်သည့်အခါ တာဝန်ရှိသူများနှင့်  ဝန်ထမ်းများအား တောင်းပန်ရသည်။ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်စေဦးတော့ ရိုက်ကူးရေးမှာ ဖြစ်တာကြောင့် အလုပ်အားထိခိုက်နစ်နာမှု အတွက် တာဝန်ရှိလေသည်။

ဤရိုက်ကူးနေသော ဇာတ်လမ်းတွဲမှာ ပရိသတ်ထံချပြ ထုတ်လွှင့်နေပြီး လူအများကြိုက်နှစ်သက်မှု ရရှိကာ လတ်တလော ကြည့်ရှူမှုအများဆုံး Rating ထဲသို့ရောက်ရှိနေသည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူများက မျှော်မှန်းထားသည် ထက် ပိုသာသော ရလဒ်များကြောင့် ကျေနပ်လျက်ရှိသည်။

ဇာတ်လမ်းတွဲရှိ ဇာတ်ဆောင်မင်းသား၊ မင်းသမီးနီးတူ ထယ်ယောင်းနှင့် ယွန်းလေးတို့အတွဲမှာလည်း ပရိတ်သတ်များ သတ်မှတ်ထားသည့် tele couple အဖြစ် သတ်မှတ်ထားခံရသည်။ ဇာတ်လမ်း ပရိုမိုးရှင်းများအတွက် စုံတွဲအလိုက် အင်တာဗျူးများ၊ မီနီ video click များ၊ ကြော်ငြာများ ရိုက်ကူးပေးရသည်။

"အကို ထယ်ယောင်း... ဒီနေ့ ရိုက်ကူးရေးမှာ ကူညီပေးတာ ကျေးဇူး အများကြီးတင်ပါတယ် နော် ...
ယွန်းလေး ထမင်းလိုက်ကျွေးချင်လို့ အကိုထယ်ယောင်း နဲ့ အမမီယောင်း လိုက်ခဲ့ပေးပါလားဟင်
ညစာ စားဖို့ ဆိုင်ကောင်းကောင်း ယွန်းလေး တွေ့ထားတယ်''

"အကို့က ကိုယ့်ဂျူနီယာညီမကို ဂရုစိုက်တဲ့သဘောပါ... အကို့အတွက် တကူးတက အလုပ်ရူပ်မခံပါနဲ့''

ထယ်ယောင်း၏ ငြင်းဆိုမူကြောင့် ယွန်းလေး မျက်နှာ ညိုးကျသွားလေသည်။

"အကိုထယ်ယောင်း ရယ် ထမင်းတနပ်အတူစားတာ ခက်ခဲလို့လားဟင်''

"အာ...မဟုတ်ပါ ဘူး''

သို့နှင့် အမမီယောင်း၊ ယွန်းလေးတို့နှင့် အတူ နေ့လည်စာစားရန် စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။ ရိုးရိုးရှင်းရှင်းနေ့လည်စာ စားဖြစ်တာပဲဟု တွေးမိသည်မှာ ဂျုံးကု အားမ
မျှော်လင့်ဘဲ မတွေ့လိုက်ရခင် စက္ကန့်မျှ သာ ကြာလိုက်သည်။

"မိုက်ကယ်လ်...''

"Hyung တို့ရောက်တာ ကြာပြီလား''

လေးယောက်စာ စားပွဲဝိုင်းဖြစ်သည်မို့ အမမီယောင်းနှင့် ထယ်ယောင်းက တဖက်၊ ယွန်းလေးနှင့် ဂျုံးကု က တဖက်ထိုင်ခုံတွေဆီမှာ နေရာကျလျက်သားပင် ဖြစ်နေသည်။ ဂျုံးကု က ယွန်းလေး ဘေးကပ်ရပ်ရှိခုံတွင် ဝင်ထိုင်လိုက်သည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now