"အခု သွားနေတာ...''
"ကျိုတို (Kyoto) လေ... သား''
"အွန်း...''
အဖေ့ကို စကားအများကြီး မပြောချင်တာနဲ့ တိုတိုပြတ်ပြတ်သာ ပြောနေမိသည်၊
အဖေ့ရွေးချယ်မှုကို မှန်သည်လည်း မပြောလို၊ မှားသည်လည်း မပြောလိုပါ၊အမေနဲ့ တရားဝင်လမ်းခွဲကတည်းက အဖေတစ်ယောက်တည်း ရုန်းကန်ပြီး ကျွန်တော့် အတွက် ကြိုးစားပေးနေတာပဲလေ၊
ဂျပန် နဲ့ ကိုရီးယား သို့ သွားချည်ပြန်ချည်နဲ့ အလုပ်နေရတာ...ကျွန်တော် နားလည်ပေးဖို့..စဥ်းစားထားတယ်
"သား..မေမေလေးကို ကောင်းကောင်း
ဆက်ဆံပေးနော်
ပြီးတော့...သားညီလေးကိုရော...
အဖေ...စိတ်ချမယ်နော်''"(nae)..ဒါနဲ့ အဖေ.. သူရော
သဘောကျပါ့မလား''"ဂျုံး ကု... လား...သူက
လိမ်မာတဲ့ ကလေးလေးပါ..
အဖေ တွေ့ဖူးတယ်...
သူက ကိုရီးယား စကား
နည်းနည်း နားလည်တော့
သားအတွက် အဆင်ပြေမှာပါ''
.
.
.
မနက် ၉ နာရီ ဆိုးလ်ရဲ့ အင်ချွန်းလေဆိပ် Incheon International (ICN) ကနေ တစ်နာရီ ခွဲလောက် လေယာဉ် စီးလာပြီးနောက် ကန်စိုင် လေဆိပ် Kansai International (KIX) သို့ ရောက်ရှိလာသည်၊ကိုရီးယား နှင့် ဂျပန် က ယဥ်ကျေးမှု ဓလေ့ တူတာတွေများတဲ့ အိမ်နီးချင်း နိုင်ငံ ဆိုတော့... မြင်ကွင်းများက သိပ်မစိမ်းပေ၊
"Kim စံ...Kim စံ'' 💢
"ယူအာ စံ''
"Kim စံတို့ လေယာဉ် ဆိုက်ချိန် မမှီမှာစိုးနေတာ...စောင့်လိုက်ရသေးလား''
"သြော်...အခုလေးတင် လေယာဉ် ကနေ ဆင်းလာတာ ... မစောင့်ရပါဘူး ယူအာ ရယ်''
"(ဟိုက်)'' ....
အဖေ နဲ့ နိဟွန်း (ဂျပန်) လို အပြန်အလှန် စကားပြောနေကြတယ်
ဒီ အပြုံးချိုချိုနဲ့ နူတ်ဆက်နေတာက အဖေ ချစ်တဲ့ အမျိုးသမီး...ဖြစ်မယ်
မေမေလေး ဖြစ်လာမယ့်သူ၊
နောက်က ကွယ်ပြီးရပ်နေတဲ့ ကောင်လေးက..." သား...ဂျုံးကု..ဒီမှာလေ...
မေမေပြောထားတဲ့ Kimစံ''ဆံပင်အမည်းရောင် ခပ်အုပ်အုပ်လေးနဲ့
....ဂျုံးကုဆိုတဲ့ ကောင်လေးရဲ့ လက်ကို ဆွဲပြီး အဖေ့ ရှေ့ မိတ်ဆက်ပေးနေရဲ့
အသားဖြူဖြူ ပိန်ပိန်ရှည်ရှည် ကောင်လေး
'အဖေ ပြောတာ သူ့အသက်က ၁၄ နှစ်၊ တကယ့် ကလေးရုပ်လေး.....
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi