အပိုင်း ၄ (အပိုင္း ၄)

945 101 2
                                    

"ကုကုစံ...နင်က ဘာလို့
နင့်အကိုနဲ့မိတ်ဆက်မပေးတာလဲ
တိုချက်နော်''

ဆံပင်ဂုတ်ဝဲ..အသားဖြူဖြူပုပုသေးသေးနဲ့ ချစ်စရာ ကောင်းပြီး စကားသွက်တဲ့ သူငယ်ချင်းလေး...အခုလည်း....
ကျွန်တော့် အနားအပြေးလာကာ
အမေးအမြန်းထူတော့သည့် အိချိခ...

"ဟင်...ဘယ်လိုသိသွားတာလဲ အိချိခစံ''

"နင့်အကိုက အထက်တန်း
တတိယနှစ်မှာ နာမည်ကြီးနေပြီလေ...
လူချော ဆိုတော့...
ဒီမှာကြည့်...LINE မှာ
နင့်အကိုအကောင့်...
ငါတို့ကျောင်းကလူတွေချည်းပဲ
follow ထားတာ''

"ဒါမျိုးကြတော့..
သိပ်သွက်တာနော်....
💢အားးး
နာလိုက်တာ..
နင့်လက်ပြတ်ကြီးနဲ့ မချနဲ့...
နာတယ်ဟ''

"အိချိခ စံ....ငါလည်း
ချောပါတယ်ဟ..
ငါ့လည်း ကြည့်ပါဦး''

.... နောက်ထပ် အရိုက်ခံချင်နေတဲ့ ယူတစံ

"ယူတ..နင် နာချင်နေပီလား''

နှစ်ယောက်သား ထုရိုက်ကာ...နောက်ပြောင်နေကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်ရင်း ပြုံးမိသည်၊
.
.
"ဂျုံးကု... ကုကု...ဒီမှာ''

အသံလာရာ လှည့်ကြည့်မိတော့...
Hyung...ဆံပင် ဝါဝါ..ခန္ဓာကိုယ် ပိန်သွယ်သွယ်နဲ့ ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့..ခပ်ချောချော အထက်ကျောင်းသားကြီးကို မိန်းကလေးတွေ သဘောမကျဘဲနေမလား...

"Hyung...ကျွန်တော့် အတန်းကို
ဘယ်လိုသိလဲ''

"ဒီလိုပဲ... စာလုံးတွေ ဖတ်ကြည့်လိုက် Dictionary ဖတ်လိုက်နဲ့..''

"အကို နေ့လည်စာ
စားပြီးပြီလား''

"မစားရသေးဘူး...
ဂျုံးကု လေးနဲ့ စားမလို့''

"(ဟိုက်)...အဲ့ဒါဆို...
လာ... ထမင်းစားဆောင် ကို
သွားကြမယ်
ကျွန်တော့် သူငယ်ချင်း တွေပါ လိုက်မှာ
အဆင်ပြေတယ် မဟုတ်လား''
.
.
"ဝါးးးကုကုစံရဲ့ အကိုက
တကယ် ချောတာ
ကိုရီးယား မင်းသား လိုပဲ''

"အိချိခ စံ...သားရည်တွေ သုတ်ဦး
နင့်ကြောင့် ဂျပန် မလေးတွေက
နှာဘူး လို့ အပြောမခံနိုင်ဘူး''

"ယူတစံ...နင်...
မနက်က ရိုက်တာ..
မနာသေးဘူးနဲ့တူတယ်
...ကဲ..ဟယ်''

🌼 Sumairu 🌼 (Completed)Where stories live. Discover now