Unicode ***{I love you from my deepest heart but you never recognize me - Part 2}
သူမ အိပ်ယာမှထထိုင်ကာ အံဆွဲအောက်ဆုံးထပ်ကို ဆွဲဖွင့်လိုက်သည်။ သေသပ်ကျနစွာ ထုပ်ပိုးထားသော ဘူးလေးအား ဖွင့်လိုက်ကာ အထဲမှ Foot Chain လေးကို ထုတ်ကြည့်မိသည်။
ယွန်းလေး..Siwon ၏ ခြံဝန်းထဲ၌ ပြောသော စကားများ ပြန်ကြားယောင်လာသည်။
"အဲ့ဒါ မင်းကို ပိုင်ဆိုင်ချင်လို့ လုပ်ခဲ့တာ..မင်းသဘောကျနေတဲ့သူက ဘယ်လိုလူလဲဆိုတာ သိစေချင်လို့ '' . . .
Siwon ပြောသော စကားလုံးတို့၏ အဓိပ္ပာယ် ကို ယွန်းလေး နားမလည်နိုင်ချေ။ သူမ ၁၆ နှစ်အရွယ် ...Siwon သူမအနားမှ ထွက်သွားခဲ့သည်မဟုတ်လား.. အကြောင်းပြချက်တစုံတရာမပေးဘဲ...၅နှစ်ကြာမှ..သူမအနားပြန်ရောက်လာခဲ့ပြီး...
ဘာကြောင့် ဝေခွဲရခက်သည့် စကားများပြောနေရတာလဲ...
အတွေးများစွာဖြင့် သူမ လဲလျောင်းနေမိသည်။
.
.
"ယွန်းလေး..သမီး မကာအိုကို ရုပ်ရှင် သွားရိုက်ရတော့မယ်ဆို ဘယ်နေ့လဲ ဖေဖေ့ကို ကြိုပြော လိုအပ်တာတွေ Siwon ကို စီစဥ်ခိုင်းလိုက်မယ်''"ရတယ် ယွန်းဘာသာ သွားမယ် Agency က စီစဥ်ပေးလိမ့်မယ်...
ဒါနဲ့ ဖေဖေနဲ့ အကို Siwon တို့ အဆင်ပြေကြရဲ့လား''"အင်း...သူ့လုပ်ပုံကိုင်ပုံ မှားတာတွေတွေ့လို့ ဖေဖေ ဆူထားတယ် အဲ့ဒါတွေ သမီး စိတ်ထဲထည့်စရာမလိုဘူး ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်''
ယွန်းလေး မကာအိုကို သွားမည့်နေ့တိုင် Siwon သူမရှေ့ ထပ်ပေါ်မလာတော့ပေ။
'အရင်တုန်းကလိုပဲနေမှာပေါ့...အကို Siwon ကပြောချင်ရာပြောပြီး အမြဲသူလုပ်ချင်တာ လုပ်တာပဲ...'
အကြောင်းပြချက်တစုံတရာမပေးဘဲ.. သူမမြင်ကွင်း၌ထပ်မံပျောက်သွားသည့် Siwon အား
ယွန်းလေး စိတ်တိုနေမိသည်။"ယွန်းသွားရအောင်...ဘယ်သူ့ကိုစောင့်နေတာလဲ''
လေဆိပ်ထဲ ဟိုဒီကြည့်ရင်း ငေးငိုင်တွေဝေနေသည့် ယွန်းလေး အား မန်နေဂျာ မှ လှမ်းခေါ်သည်။
"ဘယ်သူ့မှ...မစောင့်ပါဘူး..သွားကြရအောင်''
လေဆိပ်ရှေ့ ကားအနက်ရောင်တစ်စီး လမ်းဘေး၌ ထိုးရပ်လိုက်ပြီး အချိန်ကြာ မြင့်စွာပင် ငြိမ်သက်လျက်ရှိသည်။ ကားထဲမှ ထွက်ကာ ကားတံခါးအားကျောမီလျက် ဖုန်းမျက်နှာပြင်အား စိုက်ကြည့်နေမိသသည်။ ခဏအကြာ ကောင်းကင်၌ လေဟုန်ခွင်းသံထွက်ပေါ်လာသည့်အခါ Siwon မော့ကြည့်နေမိသည်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi