အပိုင်း ၃၂ (အပိုင္း ၃၂)

715 79 3
                                    

ဂျုံးကု စက်ပိတ်ထားသည့် ဖုန်းအား ဖွင့်လိုက်သည်နှင့် တပြိုင်နက် နိုတီများ တက်လာသည်။ Missed Calls များထဲမှ တဝက်သည် ထယ်ယောင်းခေါ်ဆိုထားသည်ကို တွေ့ရသည့်အခါ ဂျုံးကု ပျော်ရွှင်မိသည်။
ချက်ချင်းပင် ထယ်ယောင်းထံသို့ ဖုန်းခေါ်လိုက်သည်။ တဖက်မှ ဟယ်လို သံ ကြားသည်နှင့် Hyung ဟု အားရပါးရ ခေါ်မိသည်။

"Hyung''

"ဂျုံးကု.. မင်း ဘယ်တွေသွားနေတာလဲ
တနေ့လုံး ဖုန်းဆက်တာလည်းမကိုင်ဘူး
ရုံးမှာ ခွင့်ယူထားတယ်လို့ မန်နေဂျာမင် ပြောတယ်...ပြီးတော့..''

"Hyung ကျွန်တော့်ကို စိတ်ပူနေတာလား
ကျွန်တော် ထင်နေတာ... Hyung ဂရုစိုက်ဖူးလို့..''

ထယ်ယောင်းတစ်ယောက် ဂျုံးကု၏ စကားများ ကြားသည့်အခါ စိတ်မကောင်းဖြစ်မိသည်။ ဂျုံးကု သည် အခုထိ ဝမ်းနည်းနေတတ်သည့် ကလေးနှင့် တူလွန်းသည်ဟု ထယ်ယောင်း တွေးမိသည်။

"အကို စိတ်မပူဘဲနေမလား...
မင်း ဒီနေ့ ဘာတွေလုပ်နေတာလဲ
အိမ်ပြန်လာခဲ့ အကို ဟင်းချက်ထားတယ်''
.
.
ည ၈ နာရီဝန်းကျင်၌ တံခါးပတ်ဝေါ့စ်ရိုက်သံ ကြားရသည်မို့ ဂျုံးကု ပြန်လာပြီဟု ထယ်ယောင်းသိလိုက်သည်။ မီးဖိုပေါ်က ဟင်းရည်အိုးအား အဖုံးဖွင့်ကြည့်ပြီးနောက် မီးခလုတ်ပိတ်လိုက်သည်။ စားပွဲဝိုင်းအထက် ပြင်ဆင်ချက်ပြုတ်ထားသည့် ဟင်းလျာများကို တည်ခင်းပြီး ပေါင်းအိုးထဲမှ ထမင်းများ ပန်းကန်လုံးထဲသို့ ခူးထည့်သည်။

"Hyung''...ဟု ခေါ်သံကြားပြီးနောက် ထယ်ယောင်းနောက်ကျောလေးနွေးထွေးတင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။
ဂျုံးကု.. ထယ်ယောင်းနောက်ကျောမှ ထွေးပွေ့ဖက်ထားခြင်းပင်။

"ဂျုံးကု.. ထမင်းစားကြမယ်.. မင်း ဗိုက်မဆာဘူးလား''

"ခဏလေး Hyung... ဒီအတိုင်းလေး ခဏနေချင်တယ်...ကျွန်တော် ဒီနေ့ နေလို့မကောင်းဘူး''

ထယ်ယောင်း လက်ထဲမှ ထမင်းပန်ကန်လုံးအားချကာ ဂျုံးကု အားလှည့်ကြည့်ရန်ပြုသည်။ ဂျုံးကု က လှည့်ကြည့်၍မရအောင် လက်များဖြင့် ထွေးဖက်ထားပြီး ထယ်ယောင်း ပုခုံးပေါ် သို့ ခေါင်းအပ်ကာ ထားလေသည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now