Unicode ***
ဖုန်းထဲမှာ alarm ပေးထားသည့် Calendar အားကြည့်မိသည့်အခါ အရေးကြီးသည့်နေ့စွဲလေးတစ်ခုကို သတိပြုမိလိုက်သည်။ ဂျုံးကု... ထယ်ယောင်း၏ မွေးနေ့ကို အလှပဆုံး အမှတ်တရဖြစ်အောင် ဖန်တီးပေးချင်သည့်ဆန္ဒမှာ ကြာရှည်ပြီဖြစ်သည်။
ဂျုံးကု နှင့် ထယ်ယောင်း ပြန်ဆုံသည့် ဒီတစ်နှစ်အတွင်း... ထယ်ယောင်း၏ မွေးနေ့ပွဲနှင့်ပက်သက်၍ ဂျုံးကု များစွာသော စိတ်ကူးများယဥ်ဖူးသည်။ အခုချိန်သာ ထယ်ယောင်း အကျပ်အတည်းများ ရင်မဆိုင်ရလျှင် ဂျုံးကု သူစီစဥ်ထားသည့် အရာများအားလုံး ရုပ်လုံးပေါ်လာမည်ဖြစ်သည်။ သို့သော် အခြေအနေက ခွင့်မပေးချေ။
ဂျုံးကု သက်ပြင်းချလျက် ဆိုဖာလက်တန်းပေါ်မီလှဲနေရင်း...ထယ်ယောင်း ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းရန်သာ တွေးနေမိသည်။ ထို့နောက် ထယ်ယောင်းထံဖုန်းခေါ်လိုက်သည်။
"Hyung...''
"ဟယ်လို...ဂျုံးကု''
"Hyung... နေရတာ အဆင်ပြေရဲ့ လား..ဘာလိုအပ်တာရှိလဲ...ကျွန်တော့်ကို ပြောလေ''
တဖက်ဖုန်းမှ တည်ငြိမ်နေသည့် အသံတိုးတိုးကိုသာ ဂျုံးကု ကြားရသည်။
"အကို အဆင်ပြေတယ်...ဂျုံးကု.. စိတ်မပူနဲ့... မင်း Hotel မှာ တည်းရတာအဆင်ပြေရဲ့လား''
"အဆင်မပြေဘူး''
"ဟင်...ဘာလို့လဲ''
"Hyung ကို အရမ်းလွမ်းလို့ ကျွန်တော် အဆင်မပြေဘူး...Hyung ရော ကျွန်တော့်ကို လွမ်းလား''
ဤမေးခွန်းကို ဂျုံးကု အရဲစွန့်၍ မေးလိုက်သည်။
"လွမ်းတယ်''
ထယ်ယောင်း၏ လွမ်းတယ် ဆိုသော အသံလေးကြောင့် ဂျုံးကု ပြုံးနေမိသည်။ ကိုယ်ချစ်ရသူဆီက လွမ်းတယ် ဆိုသည့်စကားတစ်ခွန်းနှင့်ပင် ဂျုံးကု လုံလောက်သည်။
. . . . . . . . .
ထယ်ယောင်း... career အတွက် လေးလံသော ခံစားချက် များနှင့်အတူ ဖုန်းအားချလျက် တစ်ယောက်တည်း ငေးငိုင်စွာထိုင်နေမိသည်။
ထယ်ယောင်း၏ Scandal များကြောင့် ဇာတ်ကားသစ် ရိုက်ကူးရန် လက်လွှတ်လိုက်ရသည်။ လက်ခံထားသည့်ကြော်ငြာများ ဖျက်သိမ်းခံလိုက်မှုများနှင့်လည်း ထယ်ယောင်း ရင်ဆိုင်နေရသည်။ အေဂျင်စီဘက်မှ အတတ်နိုင်ဆုံး သတင်းများလိုက်ပိတ်သော်လည်း အချို့ပရိသတ်များ၏ ပြင်းထန်သည့် ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲပင်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi