အပိုင်း ၂၇ (အပိုင္း ၂၇ )

768 88 3
                                    

ဧည့်ခန်းရှိ စားပွဲမှာ ဇာတ်ညွှန်းတွေ ထိုင်ဖတ်နေသော ထယ်​ယောင်း အားလှမ်းကြည့်လိုက်သည်။

"Hyung ... ဒီအပတ် ပိတ်ရက် အားလား''

"ဟင်...အင်း...အကို ဒီအပတ်တော့ နားရပြီ... ဂျုံးကု ဘယ်သွားမလို့လဲ''

"ကျွန်တော်တို့ ခရီးထွက်ကြမလား... တနေရာရာပေါ့... Hyung ဘယ်လိုသဘောရလဲ''

"အင်း...အကိုတို့ နယ်ဘက် သွားကြမလား...အကို့ရပ်မွေးရပ်မြေကို မင်းမရောက်ဖူးသေးဘူး မဟုတ်လား...
လိုက်ခဲ့ချင်လား...အကို့ အဘိုးအဘွားတွေနဲ့ မိတ်ဆက်ပေးမယ်လေ''

ထယ်ယောင်းနှင့် ဂျုံးကု တို့ နှစ်ယောက် ဒယ်ဂူးက အဘိုးအဘွားတွေဆီ သွားလည်ရန် အတွက် လက်ဆောင်ပစ္စည်းများ ဝယ်ရန် Time Square Mall သို့ ရောက်လာခဲ့ကြသည်။ မြေအောက် ကားပါကင်တွင် ကားရပ်နားပြီးနောက် ...Basement မှ အပေါ်လွှာသို့ တက်ရန် ဓာတ်လှေကားပေါက်ရှိရာသို့ နှစ်ယောက်သား သွားကြသည်။

📳❕❕ ....

တုန်ခါနေသော ဖုန်းအား အိတ်ကပ်ထဲမှ ထုတ်ကြည့်သည့် အခါ.... ''မင်းသမီး ယွန်းလေး''...ဟူသော နာမည်အားတွေ့လိုက်ရသည်။ အရေးကြီးကိစ္စ မဟုတ်လောက်ဘူး လို့သာ တွေးပြီး ပါဝါ ခလုတ်နှိပ်ကာ အိတ်ထဲ ပြန်ထည့်လိုက်သည်။

"ဘယ်သူလဲ''

" ယွန်းလေး''

အခုတလော ယွန်းလေးက ဂျုံးကုအကြောင်းတွေမေးသည်၊၊ အလျဥ်းသင့်သလို ဂျုံးကုဆီ ချဥ်းကပ်နေသည်ကို ခံစားမိသည်။

"မကိုင်ဘူးလား''

"အရေးကြီးမယ့် ကိစ္စ မဟုတ်လောက်ဘူး အဲ့ဒါကြောင့် ကိုင်စရာမလိုဘူး Hyung''

ယွန်းလေးအား အာရုံစိုက်ပုံ မရတဲ့ ဂျုံးကု...

"ဂျုံးကု ''

"ဗျာ......Hyung''

"ယွန်းလေးက မင်းကို စိတ်ဝင်စားနေတယ်ထင်တယ်...မင်းဘယ်လိုသဘောရလဲ''

ဂျုံးကု...ရှေ့ကို လျှောက်နေသော ခြေလှမ်းများ ရပ်တန့်သွားပြီး ဒေါသစွက်သော မျက်ဝန်းများဖြင့် ထယ်ယောင်းအား ကြည့်လိုက်သည်။

"Hyung... ကျွန်တော့်ကို ဘာဖြစ်စေချင်တာလဲ...ကျွန်တော်... ထားလိုက်ပါ...
ကျွန်တော်တို့ ဝယ်ရမယ့် ပစ္စည်းတွေ သွားကြည့်ကြမယ်''

🌼 Sumairu 🌼 (Completed)Where stories live. Discover now