အပိုင်း ၃၃ (အပိုင္း ၃၃)

720 77 1
                                    


"Hyung''

အလုပ်သွားရန် ပြင်ဆင်နေသည့် ထယ်ယောင်းအား ဂျုံးကု တားဆီးလိုက်သည်။

"ဘာလုပ်နေတာလဲ..အကို ရှူတင်ရှိတယ်...ဖယ်''

ဂျုံးကု..ထယ်ယောင်းရှေ့ ရပ်နေရာက ထယ်ယောင်းလက်အားဆွဲပြီး သူ့ရင်ခွင်ထဲသို့ ထည့်လိုက်သည်။

"နေပါဦး Hyung ရာ..ကျွန်တော် ဖက်ထားချင်သေးတယ်''

"မင်း အလုပ်မသွားဘူးလား''

ဂျုံးကု ခေါင်းခါလိုက်ပြီး ထယ်ယောင်းအား မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် နူတ်ခမ်းဆူကာ မျက်ခုံးတစ်ဖက်ပင့်ပြရင်း...

"Hyung... Morning Kiss လေး''

"မင်း...မလွန်လွန်းဘူးလား...ညကလည်း တညလုံး နမ်းနေပြီး....'' ထယ်ယောင်းစကားဆက်ပြောရန်ပင် တွန့်ဆုတ်နေမိသည်။

ဂျုံးကုကမူ ထယ်ယောင်းနားနားသို့ပင်ကပ်ကာ တိုးညှင်းစွာဆိုသည်။
"...Hyung နူတ်ခမ်းတွေကို အချိန်တိုင်း နမ်းချင်တာ...ကျွန်တော် ဘယ်လောက်နမ်းရိူက် နမ်းရိူက်... နမ်းမဝဘူး''

ဂျုံးကု ၏ စကားလုံးများကြောင့် ထယ်ယောင်း ကြက်သီးများပင်ထမိသည်။

"မင်း...ဂျုံးကု... ''

"ဘာလို့လဲ...ဆက်ပြောလေ...Hyung...
ကျွန်တော့်ချစ်သူကို ကျွန်တော် နမ်းတာပဲ ဘာတွေ ထည့်စဥ်းစားရဦးမှာလဲ''

"မင်းကလေ ပြောလေဆိုးလေပဲ...ဖယ်တော့..ဒီနေ့ အမမီယောင်း လာခေါ်မှာ''

"ကျွန်တော် လိုက်ပို့ပေး​မယ် အမမီယောင်းကို သူ့ဘာသာ သွားခိုင်းတော့''

Ring📱)))))

"ဖုန်းလာနေပြီ...ဂျုံးကု လွတ်ဦး...''

ထယ်ယောင်း အိတ်ကပ်ထဲက ဖုန်းထုတ်လိုက်ပြီး ကိုင်လိုက်သည်။ ဂျုံးကု ကတော့ ထယ်ယောင်းခါးအား ပွေ့ဖက်နေမြဲသာ လွှတ်မပေးချေ။ ထယ်ယောင်း ဂျုံးကု အား စူးစိုက်ကြည့်လိုက်ပြီး ဖုန်းသာ အာရုံစိုက်နားထောင်လိုက်သည်။

"အမမီယောင်း...ရောက်ပြီလား''

"အေး..ထယ်ယောင်း...အမ မင်းတို့ ဗီလာဝန်းရှေ့ရောက်ပြီ..အထဲဝင်ခဲ့မယ်လေ''

🌼 Sumairu 🌼 (Completed)Where stories live. Discover now