Hyung ရော အဆင်ပြေနေပြီလား သိချင်မိသည်၊ မေးလည်းမမေးချင်၊ မသိရတာက ပို၍ ကောင်းတယ် မဟုတ်လား၊ အတွေးတွေမများချင်သည်မို့... စာကိုသာ ပိုဖိ ကျက်သည်၊ တိုက်ကွမ်ဒို အားကစားပြိုင်ပွဲဝင်ပြိုင်ဖို့ စာရင်းပေးထားသည်မို့... အားကစားနှင့် ကျောင်းစာသာ အာရုံအပြည့်စိုက်ထားမိသည်။
"ဂျုံးကုစံ''
"ဟင်...ယူတစံ''
"မင်းကို အားကစားနည်းပြဆရာက... ခေါ်နေတယ် သွားတွေ့လိုက်ဦး''
.
.
"ကုကုစံ...လာမယ့် ပြိုင်ပွဲကိုပဲ အားစိုက်နော်..ငါနဲ့ 'ယူတ'..က..နင်လွတ်သွားတဲ့စာတွေ ပြန်ရှင်းပြပေးမယ်''"ဟုတ်တယ်..ဂျုံးကု... မင်း.တိုက်ကွမ်ဒို ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရအောင်ကြိုးစား...
ကျောင်းစာအတွက် ငါတို့နှစ်ယောက်..တာဝန်ထား''ကျွန်တော် ဘာလုပ်လုပ်...အားပေးရုံမက ကူညီ ပေးတတ်တဲ့ အိချိခစံနဲ့ ယူတစံ...
သူတို့ကြောင့် တကယ်အားတက်တယ်
.
.
Hyung က အပေါင်းအသင်းဆန့်သည်၊ ဖော်ရွေပျူငှာတတ်သူမို့ ခင်မင်သူများသည်..ကျောင်းမှာ အတန်းဖော် သူငယ်ချင်း များ ရှိနေပြီ၊ နေ့လည်စာ စားချိန်ဆို အရင်လို ကျွန်တော်တို့ အုပ်စုနဲ့ လာမစားဖြစ်တော့ပါ၊ Hyung သူ့အပေါင်းအသင်းများနှင့်သာ စားဖြစ်တော့သည်၊ သို့ပင်မယ့် ကျောင်း
Canteen မှာတော့ ဆုံနေကြ၊ မနီးမဝေး စားပွဲဝိုင်းများကနေ ကျွန်တော် နဲ့ ဆုံမိတဲ့အခါ Hyung က boxy smile များဖြင့် ပြုံးပြတတ်သေးသည်။"Hyung''
"ဂျုံးကု.. အပြန် အကို့ကို မစောင့်နဲ့တော့နော် အကို သူငယ်ချင်း တွေနဲ့ ဝင်စရာရှိတယ်''
ထမင်းစားလက်စ...စားပွဲမှ ထကာ ကျွန်တော့်ဆီ...ညနေကျောင်းမှ အတူမပြန်ဖြစ်ကြောင်း လာပြောသော Hyung!!
"(nae) ... အဲ့ဒါဆို မစောင့်တော့ဘူး...Hyung လမ်းတွေ မမှတ်မိရင် ကျွန်တော့်ကို လာခေါ်ခိုင်းနော်''
ဒီရက်ပိုင်း ဂျုံးကု နဲ့ အတူ မပြန်ဖြစ်တော့၊ အဲ့ ကလေး...စိတ်မကောင်းဖြစ်နေတာ သတိထားမိသည်၊ ဒါပေမယ့် အိမ်ပြန်ရင် တွေ့မှာပဲလေ၊ အတန်းဖော် သူငယ်ချင်းတွေ နဲ့ ကျောင်းအပြန် ဂိမ်းဆိုင်၊ ကော်ဖီ ဆိုင်နှင့် ကောင်မလေးများ ပိုးပန်းရန် သွားတတ်ကြသည်။ ပုံမှန် မလိုက်ဖြစ်ပင်မယ့်... 'ဟန်နာစံ' ကို သဘောကျနေသည်မို့ သူမနှင့် ပိုနီးစပ်စေလိုငြား လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi