ကျောင်း အားကစားပြိုင်ပွဲနေ့🏆🏆
... ကျိုတိုရှိ အထက်တန်းကျောင်းပေါင်းစုံပြိုင်ပွဲသို့ သွားရောက် ယှဥ်ပြိုင်ရန် လက်ရွေးစင် အားကစားမောင်မယ် ခေါ်ယူသည့်ပြိုင်ပွဲဖြစ်သည့်အားလျော်စွာ အားကစားအမျိုးအစားစုံလင်လှသည်။
ကျွန်တော်က တော့ တိုက်ကွမ်ဒို ပြိုင်ပွဲ ၌ ကျောင်း လက်ရွေးစင် ဖြစ်ဖို့ ရည်ရွယ်ထားသည်၊ ကျောင်းပေါင်းစုံပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆု ရယူလိုသည်။
အားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရသည်မှာ...ကျွန်တော် ကိုယ့်ကို သန်မာကြောင်း သက်သေပြချင်သည်၊ ကိုယ်ခံအားကစား တတ်ကျွမ်းလိုသည်၊ ယှဥ်ပြိုင်လိုသည် စသည့် ရည်ရွယ်ချက်များကြောင့် ပြိုင်လေ့ရှိသော်လည်း ယခုမူ... Hyung ရှေ့မှာ သန်မာတဲ့သူတစ်ယောက်အဖြစ်မြင်
စေ ချင်၍ ယှဥ်ပြိုင်သည်က ပိုမှန်လိမ့်မည်။အားကစား အမျိုးအစားအလိုက် အဆင့်သတ်မှတ်ချက် အလိုက် ယှဥ်ပြိုင်ကြသည်မှာ တိုက်ကွမ်ဒို ပြိုင်ရမည့် အကျော့ပင် ရောက်ချေတော့မည်။
ကျွန်တော် စိတ်လူပ်ရှားမိသည်၊ လက်ဖဝါးများက ချွေးပင်ဆို့နေသည်၊ မျက်လုံးများက ပွဲကြည့်စင်သို့သာ လှမ်းကြည့်မိသည်၊၊
ဝေ့ဝဲကြည့်တော့...ကျွန်တော့် နာမည်အား စာရွက်မှာရေးကာ လက်ဖြင့်ကိုင်မြှောက်ရင်း ... အော်နေကြသော...အိချိခစံ နှင့် ယူတစံ၊ အင်တိုက်အားတိုက် အားပေးနေသည့် သူတို့နှစ်ယောက် ကြောင့်... ဝမ်းနည်းနေတာတွေတောင် မေ့သွားသယောင်...
"ဂျုံးကု စံ... သေချာအာရုံစိုက်နော်...ငါတို့ အားပေးနေတယ်''
ဟိုနေ့ကတော့ Hyung ကို အားကစားပြိုင်ပွဲ ဝင်ပြိုင်မည့်အကြောင်း ပြောမိသည်။ Hyung သာ လာအားပေးရင် ကောင်းမှာပဲလို့ ဆိုတော့.....ကုကုစံ ပြိုင်တာပဲ Hyung သေချာပေါက် လာအားပေးရမှာပေါ့တဲ့...လို့ဆိုသည်။ Hyung ပြောပြီး မေ့သွားပြီ ထင်တယ်၊ စိတ်ထဲ Hyung လာဖို့မျှော်လင့်မိထားလို့လား မသိ...စိတ်မကောင်း ဖြစ်ပြီး အာရုံထွေနေသည်။
တိုက်ကွမ်ဒို ပြိုင်ပွဲ ဝင် အမှတ်စဉ် ၇...
ဂျောင်ဂျုံးကု 🔉📢 ..........
ယှဥ်ပြိုင်ဖို့ စင်ပေါ်တက်ရတော့မည်၊ ယှဥ်ပြိုင်ဖို့ အာရုံစိုက်ရန် လက်သီးကျစ်ကျစ်ဆုပ်ကာ စိတ်ထဲအားတင်းရင်း....
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi