ကျောင်းစာအုပ်တွေထည့်ပြီးတော့ ကျောပိုးအိတ်ကို စာရေးစားပွဲမှာချလိုက်သည်၊
ရေချိုးသဘက် အား ပခုံးပေါ်တင်လျက် ဆပ်ပြာခွက်နှင့် သွားတိုက်တံတို့အားယူကာ ရေချိုးခန်းသို့ထွက်လာတော့သည်၊ဒီအချိန်တော့ သူတို့တွေ အိပ်ယာမထလောက်သေးဘူး ထင်တယ်..ကိုယ့်အတွေးနဲ့ကိုယ်...
သီချင်းလေး ညည်းရင်း ရေချိုးမိသည်၊
ကျွန်တော်က သစ်သားစည်ပိုင်းထဲ ရေစိမ်ချိုးရတာ အတော်ကြိုက်တဲ့ ဂျပန်ပါ၊ရေစိမ်ချိုးတာနဲ့ လန်းဆန်းတက်ကြွသွားသလို ခံစားရတာ တကယ် ကြိုက်တယ်...
အတွေးတွေတောင် မပြီးသေး........ကျွီ...တံခါးဆွဲဖွင့်သံကြောင့် ... လှမ်းကြည့်မိတော့...
💢 အားးး !!!
အကျယ်ကြီး အော်မိသူက ကျွန်တော်ရော..Hyung ရော"တောင်းပန်ပါတယ်.. ဂျုံးကု ရှီ...
အကို တံခါးခေါက်သင့်တာ...
လူမရှိဘူးထင်လို့..ဟိဟိ''"အ...ရ..ပါ..တယ်...''
"အဲ့ဒါဆို...အကို...အခု
မျက်နှာသစ်လို့ရတယ်မဟုတ်လား...''"ဟင်''
ရှက်သွေးဖြာသွားတဲ့ ဂျပန်လေး...
မျက်နှာက နီမြန်းလို့...
တကယ့် ကလေးလေး..."နောက်တာပါ... အကိုက...
မြန်မြန် ချိုး... အအေးပတ်မယ်''"........''
အူကြောင်ကြောင်ရုပ်ကလေးနဲ့ ဘာမှပြန်မပြောသော...ဂျပန်လေးကြောင့်
တံခါးပြန်ပိတ်ပေးပြီး ကြိတ်ရယ်မိတော့သည်
.
.
"ဂျုံးကု ရှီ... ညောင်းနေပြီလား...
Hyung တလှည့် စက်ဘီး နင်းပေးမယ်
လမ်းပဲပြပေး''"ကျွန်တော်...နင်းနိုင်ပါတယ်''
.
ဆယ့် ငါးမိနစ် လောက် စက်ဘီးနင်းပြီး နောက် ကျောင်းရှေ့သို့ ရောက်လာသည်ဂျုံးကု က အထက်တန်း ပထမနှစ်၊
ကျွန်တော်က အထက်တန်း တတိယနှစ်၊ကျိုတို မှာ ကျောင်းစတက်ရသည်မို့ စိတ်အတော် လှုပ်ရှားမိသည်
ရင်ဘက်ပေါ် လက်ကလေးတင်ရင်း...'ဟူးး'..လေတချက် မူတ်ထုတ်မိတော့...
လက်ထဲ စာအုပ် တစ်အုပ် အတင်းထည့်ကာ...
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi