အပိုင်း ၄၂ (အပိုင္း ၄၂ )

602 66 2
                                    

Unicode ***

"ဂျုံးကု''

ခေါ်သံကြောင့် ဂျုံးကု ခေါင်းငုံ့ကာ ပွေ့ဖက်ထားလျက် ထယ်ယောင်းကို ကြည့်လိုက်သည်။

"အင်း...Hyung ဘာလိုချင်လဲ ပြောလေ...ကျွန်တော် ဖြည့်ဆည်းပေးမယ်''

"အကိုတို့ အရင်လိုပဲ နေကြရအောင် ''

"ဗျာ..Hyung''

ဂျုံးကု ထယ်ယောင်း၏ စကားလုံးများကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။ ဂျုံးကု မတ်တပ်ရပ်နေရာမှ ထယ်ယောင်းရှေ့သို့ ထိုင်ချလိုက်ပြီးစိုးရိမ်ကြီးစွာ ထယ်ယောင်း လက်တို့အား ဆုပ်ကိုင်လိုက်သည်။

"Hyung အခုချိန်မှာ အရမ်းပင်ပန်း ခက်ခဲနေမယ်ဆိုတာ ကျွန်တော် သိတယ်.. ကျွန်တော် တို့ အတူတူ ရင်ဆိုင်ကြမယ်လေ...''

"အကို ဆုံးဖြတ်ပြီးသွားပြီ ဂျုံးကု.. ရှေ့ဆက်ရင် မင်းရော အကိုရော ပိုပင်ပန်းမှာ..''

ဂျုံးကု ၏ စိုစွတ်ရီဝေနေသောမျက်ဝန်းများကို ထယ်ယောင်း ရင်မဆိုင်ရဲပေ။ တုန်ရီနေသည့် ဂျုံးကု လက်တို့က ထယ်ယောင်းလက်အစုံကို ဆုပ်ကိုင်ထားလျက် တောင်းပန်စကားဆိုသည်။

"Hyung စကားတွေက ကျွန်တော့်ရင်ကို ခွဲနေတာ သိရဲ့လား..တောင်းပန်ပါတယ် Hyung ရာ...
ကျွန်တော် ဘာလုပ်ပေးရမလဲ...
ဘာတွေ လိုအပ်နေလဲ Hyung မကြိုက်တာတွေ ပွင့်ပွင့်လင်းလင်း ပြောပြလေ...
ကျွန်တော် အကုန် Hyung ပြောသမျှ လုပ်ပါ့မယ်''

ထယ်ယောင်း..ရင်လည်း တစစီ ကြွေကွဲနေပြီမို့ တုန်ရီစွာပင် ဂျုံးကု၏ တောင်းပန်စကားတို့ကို နားထောင်နေလေသည်။

''မင်းမှားနေတာ ဘာမှမရှိဘူး အကို့မှာပဲ လိုအပ်ချက်တွေရှိနေတာ......ဂျုံးကု
အကို ဒီအချိန်မှာ အားလုံး လက်မလွှတ်နိုင်သေးဘူး...
အကို တောင်းပန်ပါတယ်''

"Hyung မဟုတ်ဘူး...မရဘူး...ကျွန်တော် လက်မခံဘူး Hyung လမ်းခွဲမယ်ပြောနေတာ...ကျွန်...တော် ''

ဂျုံးကု စကားပင်မဆုံးသေး. . . . . .

"အကို မပျော်ဘူး..တောင်းပန်ပါတယ် ..ဂျုံးကု ''

ဂျုံးကု အံသြမှင်သက်စွာ ထယ်ယောင်းအား ငေးကြည့်နေလျက်ပင်။ သို့သော် ထယ်ယောင်းလက်တို့အား ဆုပ်ကိုင်ထားသော ဂျုံးကု လက်တို့ အားလျော့ကာ လွှတ်လိုက်မိသည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now