အပိုင်း ၂၅ (အပိုင္း ၂၅)

733 77 2
                                    


"ထယ်ယောင်း''

Scene တစ်ခုရိုက်ပြီး အဝတ်အစား လဲပြီး နောက် နားနေခန်းမှာပဲ  Script ဖတ်နေရင်း အသံလာရာသို့ ကြည့်မိသည်။

"ဗျာ..အမမီယောင်း''

"ဒီနေ့ ဇာတ်လမ်းရိုက်ရတာ အဆင်ပြေရဲ့လား ဒါရိုက်တာက ခဏခဏ ပြန်ပြန်ရိုက်နေတာ..ထယ်ယောင်း ပင်ပန်းနေပြီလား''

ဇာတ်လမ်းတွဲ စရိုက်ရပြီဖြစ်တာကြောင့် မော်ဒယ်လ် အလုပ်နှင့်မတူညီဘဲ သရုပ်ဆောင်စွမ်းရည်ကို ပြသရတာဖြစ်သည်။ မော်ဒယ်လ်အဖြစ်သာ နှစ်ရှည်စွာလုပ်ကိုင်ခဲ့တာကြောင့် သရုပ်ဆောင်သည့်အခါ လိုအပ်ချက်များရှိနေသည်လေ။ ဒါရိုက်တာ က မကျေနပ်ချင်း တစ် Sence ထဲကို အခါခါ ပြန်ရိုက်နေရသည်မို့ အမမီယောင်း ခဗျာ  စိုးရိမ်နေရှာသည်။

"မပင်ပန်း ပါဘူး အမရယ်..ကျွန်တော် လည်း သရုပ်ဆောင်ပညာရတာပေါ့..စိတ်မပူပါနဲ့ ''

"""ဒေါက်... ဒေါက်..."'''

ထိုစဥ် ကျွန်တော့် နားနေခန်းထဲသို့ ဝင်ခွင့်ပြုရန် တံခါးခေါက်သံအား ကြားရသည်။

"ဝင်ခဲ့ပါ''

"အ...အကိုထယ်ယောင်း..''

"သြော်...ယွန်းလေး''

အမမီယောင်း နှင့် ထယ်ယောင်း တို့ရှေ့ ရပ်ကာ လက်ထဲက အချိုရည်ဘူးများအား လှမ်းပေးရင်း...

"အကိုထယ်ယောင်း တို့ အမောပြေ သောက်လို့ရအောင် ယူလာပေးတာ''

" ကျေးဇူးပါ ယွန်းလေး''

"အမမီယောင်း အတွက်ပါ ပါတယ်နော်.. အမ သောက်နော်''

ယွန်းလေးက သူမ၏မျက်နှာလှလှလေးဖြင့် ပြုံးပြလျက် ရွှင်ပြသော အမူအရာဖြင့် နားနေအခန်းမှ ထွက်ခွာသွားသည်။

"ထယ်ယောင်း... ယွန်းလေးက လှလည်းလှ ချစ်ဖို့လည်းကောင်းတယ်နော်...
ထယ်ယောင်းနဲ့ ယွန်းလေး အတွဲက ဇာတ်လမ်းထဲမှာ ကြိမ်းသေပေါက် နာမည်ကြီးမယ့် အတွဲ...အမပြောရဲတယ်''

ဇာတ်လမ်းထဲမှာ ဒုတိယအတွဲအဖြစ် တွဲဖက်သရုပ်ဆောင်ရမည့်က ထယ်ယောင်း နှင့် ယွန်းလေးတို့အား မီယောင်းမှ အခိုင်အမာအားပေးနေလေသည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now