Luggage (ခရီးဆောင်အိတ်ကြီး)အား ဆွဲကာ တိုက်ခန်းရှေ့သို့ တရွေ့ရွေ့လျှောက်လာခဲ့သည်။ ဒီချိန် အရမ်းစောနေမလား... အိပ်ပျော်နေမလား... အလုပ်ရူပ်စေမိပြီလား...စသည့် အတွေးများ တွေးလျက် တိုက်ခန်းတံခါးဝနားက လူခေါ်ဘဲလ်အား တီးလိုက်သည်။တီ...တောင် 🔊 (Bell Ringing) ❕❕
"ရောက်လာပြီလား''
"(nae) Hyung''
ကျွန်တော် ကိုရီးယား ရောက်ကတည်းက ဟိုတယ် မှာပဲ နေသည်ဆိုတော့ Hyung က သူ့အိမ်မှာ အတူလိုက်နေရန် ပြောသည်။ Hyung အပေါ် အားမနာရန်တဖွဖွ ပြောသည်။ ကျွန်တော် Hyung ကို အဆင်မပြေဖြစ်မှာစိုးသည်ဆိုတော့ 'အကိုနဲ့အတူ မနေချင်လို့ ငြင်းဆန် နေတာလား' ဟု ပြောပြန်သည်။ ကျွန်တော် လည်း ထပ်မငြင်းတော့ဘဲ Hyung ၏ တိုက်ခန်းမှာသာ လိုက်နေရန် သဘောတူလိုက်သည်။ ထို့နောက် ဟိုတယ်ရှိ ကျွန်တော့် ပစ္စည်းတွေကို သိမ်းဆည်းပြီး Hyung ဆီရောက်လာခဲ့သည်။
"ဂျုံးကု... အကို့ကို အားမနာနဲ့နော် လွတ်လွတ်လပ်လပ် နေ''
"အင်းပါ.. Hyung... ကျွန်တော် Hyung နဲ့နေတာပဲ သေချာပေါက် အဆင်ပြေတယ်''
ကျွန်တော့် Luggage အိတ်ကို လှမ်းဆွဲကာ...Hyung ရဲ့ အခန်းသို့ ခေါ်သွားသည်။
"ဂျုံးကု...Hyung မင်းတို့အိမ်မှာ နေခဲ့တုန်းကလိုမျိုး..ဂျုံးကုကို အခန်းသီးသန့် မပေးနိုင်သေးဘူး...အကို ဒီအပတ်ထဲ ဂျုံးကု အတွက် အခန်းဖွဲ့ပေးမယ်..ဒီဘက်ခြမ်းမှာ လုပ်လိုက်ရင်ရတယ်''
ကျွန်တော် မီးဖိုဆောင်ရောက်တော့ ရေခဲသေတ္တာအား ဖွင့်ကြည့်မိသည်။ ကြက်ဥကတ်များနှင့် နွားနို့ဘူးများသာစားစရာအဖြစ် တွေ့သည်။ ကြောင်အိမ်ထဲကြည့်မိတော့ ခေါက်ဆွဲခြောက်ဘူးများနှင့် အထုတ်များသာတွေ့သည်။ ထို့ကြောင့် Hyung နဲ့အတူ ချက်ပြုတ်စားသောက်ရန် စျေးဝယ်ထွက်မှဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
မားကတ်ထဲမှာ...တလူပ်လူပ်နှင့် ဟင်းသီးဟင်းရွက်များရွေးချယ်နေသည့် Hyung...မျက်နှာမှာလည်း အမည်းရောင် mask ကိုတပ်လျက် ဘေ့ဘောဦးထုတ် အမည်းရောင် ကိုလည်းဆောင်းထားသေးသည်။ ရှပ်အက်ျီ ခပ်ပွပွ၊ အားကစားဘောင်းဘီ ခပ်ပွပွကို ဝတ်လျက် အဝတ်ပုံကြီးထဲ မြှပ်နေသယောင်...
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi