ကျိုတိုမှာ နေတာ လ အတန်ကြာပြီဖြစ်လို့ ကျွန်တော်နားမလည်တဲ့ နိဟွန်း စကားလည်း အတော့်အသင့်ပြောတတ်နေပြီ၊ ကျောင်းသွားကျောင်းပြန်က ဂျူံးကု လုပ်ပေးလို့ လမ်းတွေတောင် အကုန်မှတ်မိနေပြီဖြစ်သည်၊
အဖေက မေမေလေး နှင့် လက်တွဲကတည်းက စက်ရုံမှူးတာဝန်မှ ရပ်နားပြီး..မိတ်ဆွေ ကုမ္ပဏီ တစ်ခုမှာ ရင်းနှီးမြှပ်နှံမှုလုပ်ထားသည်၊ မေမေလေးတို့ ထမင်းဆိုင် နေရာ အတွက် ငွေတဝက်ဆိုက်ကာ ဝယ်ပေးထားသည်မို့ ဂျူံးကု အမေနှင့် အဒေါ် ယူမိစံတို့ မြေငှားရမ်းခ အတွက် မစိုးရိမ်ရတော့ပေ၊
ဒီမှာနေရတာ ပျော်လားလို့ မေးရင် ကျွန်တော် ဘယ်လိုဖြေရမှန်း မသိသေးတာ အမှန်ပဲ၊ ပတ်ဝန်းကျင် အသစ်မှာ အသားကျသလောက်ရှိပင်မယ့် အမိမြေတော့ လွမ်းမိသား၊
ခြုံပြောရရင် အခြေအနေက တည်တည်ငြိမ်ငြိမ်ပါပဲ၊ မတည်ငြိမ်တာက ကျွန်တော့် နှလုံးသားးးး
ကျွန်တော် ပျော်စရာလေးတွေ ရှာဖွေကြည့်ချင်စိတ်က ဆယ်ကျော်ရွယ်မို့လားမသိ၊
လုပ်ချင်တာတွေ ခပ်များများရယ်...
အခုလည်း အခန်းထဲက 'ဟန်နာ' ဆိုတဲ့ ဂျပန်မလေးတစ်ယောက် ကို သဘောကျမိသလိုလိုရှိသည်၊ ဘယ်လို ဖွင့်ပြောရမလဲ စဥ်းစားနေတာ အကြံမထွက်သေးဘူး၊"ဂျုံးကု.. အကို့ကို တစ်ခု ကူညီပေး''
"ဟင်...ဘာလဲ Hyung''
"အကိုလေ... အတန်းထဲက ဂျပန်မလေးတစ်ယောက် ကို ရည်းစား စကားဖွင့်ပြောချင်လို့..ကူညီပေးကွာ''
"ဟင်...အဲ့ဒါ...ကျွန်တော် ဘယ်သူ့မှ မပြောဖူးတော့...ဘယ်လို ကူညီ ရမှန်းမသိဘူး Hyung''
သြော်..အကိုက သဘောကျတဲ့သူတွေ့နေပြီ၊ အကိုစိတ်ချမ်းသာရင် ပြီးတာပါပဲ၊
ကျွန်တော်က ကျွန်တော် ချစ်တဲ့သူဆို ပျော်နေစေချင်တာ...အကို ကျွန်တော် အနားမှာရှိနေရုံတင် ကျေနပ်နေပြီးသားပါ"ဂျပန်မလေးတွေက ဘယ်လို လက်ဆောင်မျိုးကြိုက်တတ်လဲ..ဂျုံးကု သိလား''
"ပန်းတို့ အရုပ်တို့ ကြိုက်မယ်ထင်တယ်..ယူတစံဆို... သူလိုက်နေတဲ့ကောင်မလေးတွေကို အဲ့ဒါတွေပေးတတ်တယ်''
YOU ARE READING
🌼 Sumairu 🌼 (Completed)
Fanfiction[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi