အပိုင်း ၁၄ (အပိုင္း ၁၄)

733 75 4
                                    


"ထယ်ယောင်းစံ''

"အဒေါ်... ဂျုံးကု ကို သူ့အမေအစား စောင့်ရှောက်ပေးမယ်...မင်း စိတ်ချပါ.. ငါက သူ့အဒေါ်အရင်း''

"ကျွန်တော်.. ဂျုံးကု ကို ကိုရီးယား ခေါ်သွားချင်တယ်...ခွင့်ပြုပေးဖို့ ထပ်စဥ်းစားပေးပါ အဒေါ်ယူမိစံ''

"ငါ့ညီမသားကို သွေးမတော်သားမစပ်တဲ့ မင်းတို့လက်ထဲ ထည့်မပေးနိုင်ဘူး...တရားဥပဒေအရ ငါက ဂျုံးကု ရဲ့ အုပ်ထိန်းသူပဲ...မင်းနားလည်ရင် ကိုရီးယားကို ပြန်သင့်ပြီ''

စျာပနပွဲပြီးနောက် ကျွန်တော် ဒယ်ဂူးက အဘိုးနဲ့အဘွားဆီကို ဖုန်းဆက်သည်။ အဘိုးနဲ့ အဘွားက အသက်ကြီးပြီမို့ ဦးလေးငယ်ကို ဂျပန်လွှတ်ကာ ကျွန်တော့်ကို လာခေါ်စေသည်။ ကျွန်တော် ဂျုံးကုနဲ့ အတူ နေချင်သည်။ သို့ပင်မယ့် ကျွန်တော်ရော ဂျုံးကု ရော အသက်မပြည့်သေးသည်မို့ အုပ်ထိန်းသူနှင့်သာ နေရမည်ဖြစ်သည်။

အဖေမရှိဘဲ ကျွန်တော် ကျိုတိုမှာ ဆက်နေ၍ မဖြစ်ပါ၊ ဂျုံးကု ကိုပါ ဒယ်ဂူးကို ခေါ်သွားဖို့ အဒေါ်ယူမိစံ ဆီမှာ ခွင့်တောင်းသော်လည်း မရပါ၊ သွေးသားမတော်စပ်သည်မို့ ဂျုံးကု ကို မထည့်ပေးနိုင်တာ ကျွန်တော် နားလည်ပေးရမည်ဖြစ်သည်။

"ဂျုံးကု... အကို ဒယ်ဂူးကို ပြန်သွားရတော့မယ်''

"သွား...ကျွန်တော့် အနားကနေ ထွက်သွားတော့...ဘာမှ မပြောနဲ့''

သည်ကလေး စိတ်အတော်ထိခိုက်နေသည်။ စျာပနပွဲတွင်လည်း စကားတစ်လုံးမျှမပြောချေ။ အစားလည်း ကောင်းကောင်းမစား၊ အခန်းထဲ ငြိမ်သက်စွာ နေသည်။ ကျွန်တော် ဘယ်လိုစိတ်နဲ့ သူ့ကို ထားပြီး ဒယ်ဂူးကို လိုက်သွားရမလဲ၊၊ ရင်လေးမိသည်။ ကျွန်တော့်တွင် ဘာမှ လုပ်ပေးနိုင်စွမ်းမရှိ၊ စိတ်ပျက်ဝမ်းနည်းရုံသာတတ်နိုင်သည်။

"ဟင်း...ဂျူံးကု... မင်း အသက် ဆယ့်ရှစ်နှစ်ပြည့်ရင်...အကို မင်းကို လာခေါ်မယ်...ကျောင်းပိတ်ရက်တွေဆို အတတ်နိုင်ဆုံး အကိုမင်းဆီ လာလည်မယ်...အကို့ကိုစောင့်ပေး..နော်''

ပြန်မဖြေဘဲ ခေါင်းကို ဆက်တိုက်ငုံ့ထားတဲ့ ဂျုံးကု... ပုခုံး နှစ်ဖက်က အနည်းငယ် တုန်နေတာကို တွေ့လိုက်ရသည်။ ဂျုံးကု ငိုနေပြီ။
ငိုရှိူက်နေတဲ့ ဂျုံးကု အား ထွေးပွေ့ဖက်ထားလိုက်သည်။ ဂျူံးကု ကျောပြင်အား ပုတ်ကာ အငိုတိတ်ရန်နှစ်သိမ့်ပေးနေရင်း ကျွန်တော့်မျက်ဝန်းများကလည်း မျက်ရည်များ ရစ်ဝဲလာသည်။ ဂျုံးကု လက်များက ကျွန်တော့် လည်ပင်းအားတင်းကြပ်စွာ သိုင်းဖက်ပြီး ငိုနေပြန်သည်။

🌼 Sumairu 🌼 (Completed)Where stories live. Discover now