Unicode ***
ထယ်ယောင်း တိုက်ခန်းတံခါးဝ၌ Password ရိုက်ကာ တံခါးဖွင့်လိုက်သည်။ တံခါးဝရှိ မီးသီးမှာ မလင်းလာတာကြောင့် မီးသီးကျွမ်းသွားပြီဟု တွေးမိသည်။ ဖိနပ်ချွတ်ကာ ဧည့်ခန်းသို့ ခြေချလိုက်သည်နှင့် ရောင်စုံမီးလုံးလေးများ ကြမ်းပြင်ထက်မှ လင်းလာသည်။ ထို့နောက် မီးဖိုချောင်ဖက်မှ ဖယောင်းတိုင်များထွန်းညှိထားသည့် ကိတ်အား သယ်ဆောင်လာသော ဂျုံးကုကို တွေ့လိုက်ရသည်။
"Hyung...Happy Birthday
ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ
Hyung အတွက် ကံကောင်းခြင်းတွေ ရရှိပါစေ...''
"......''
"Hyung ဘာလို့လဲ...Hyung ရှက်မှာစိုးလို့ Birthday Song ဆိုပြရဦးမလား''
ထယ်ယောင်း အံသြမှင်သက်စွာ ဂျုံးကု အား စိုက်ကြည့်နေမိသည်။
"ဖယောင်းတိုင် တွေ အရည်ပျော်တော့မယ် ဆုတောင်းပြီး မှုတ်လေ Hyung''
ထယ်ယောင်း ခေါင်းငြိမ့်ပြလျက် ဖယောင်းတိုင်မီးများအား မှုတ်လေသည်။ ဂျုံးကု အခန်းမီးများပြန်ဖွင့်လိုက်သည်မို့ ထယ်ယောင်း အလှဆင်ထားသော အခန်းငယ်လေးအား နှံ့နှံ့စပ်စပ် လိုက်ကြည့်သည်။ ဂျုံးကု ပြင်ပေးသော ကိတ်မုန့်လေးအား ဖဲ့မစားခင် အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ယူထားလိုက်သည်။
ဂျုံးကု က ထယ်ယောင်းလက်အားဆွဲ၍ ညစာစားရန် ထမင်းစားပွဲဝိုင်းရှိရာသို့ ခေါ်သွားလေသည်။ စားပွဲဝိုင်းအထက်က ဟင်းပွဲများနှင့် ပြင်ဆင်ထားမှုတို့ကြောင့် ထယ်ယောင်း ထပ်၍အံ့သြရပြန်သည်။
"ဂျုံးကု.. မင်းက... ဒါမျိုး လည်း လုပ်တတ်တာပဲလား''
ဂျုံးကု က ပြုံး၍ပင် ပန်းကန်ထဲရှိ အသားတုံးအား ခက်ရွယ်ရွယ်အနေအထားဖြစ်အောင်လှီးဖြတ်လိုက်ပြီး ထယ်ယောင်း ရှေ့သို့ ချပေးသည်။
"Hyung သဘောကျရဲ့လား...ကျွန်တော် Hyung အတွက် ကြိုးစားပြီး ပြင်ပေးထားတာ...ဟင်းတွေ စားကြည့်ဦး အရသာ ရှိရဲ့လား''
ထယ်ယောင်း ပန်းကန်ထဲက ဟင်းများ ကုန်အောင်စားလိုက်သည်။ ပြီးနောက် ဂျုံးကု ငှဲ့ပေးသော ဝိုင်အနည်းငယ်အား သောက်လိုက်သည်။
YOU ARE READING
🌼 Sumairu 🌼 (Completed)
Фанфикшн[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi
