အပိုင်း ၂၀ (အပိုင္း ၂၀)

833 86 0
                                    

မေမေလေးကို ကြိုဖို့ ကျွန်တော် အင်ချွန်းလေဆိပ်ကို ရောက်လာခဲ့သည်။ လေယာဥ် မဆင်းခင် တစ်နာရီ ကြိုရောက်လာပြီးနောက် ခရီးဆောင်အိတ်ကို ဆွဲကာ ထွက်လာသည့် မေမေလေးကိုတွေ့သည်။ မေမေလေးက ဖေဖေ့ရဲ့ တစ်ဦးတည်းသော ညီမလေးလေ၊ ခေတ်နှင့်အညီ ဝတ်စားဆင်ယင်တတ်သည့် အမျိုးသမီး ဖြစ်သည့်တိုင် ပျော်ပျော်ရွင်ရွင်နှင့် လွတ်လပ်စွာ တွေးခေါ်နေထိုင်တတ်သည်။ ပြုံးရယ်လိုက်တိုင်း ဘယ်ဘက်ပါးမှာ ခပ်ရေးရေးပေါ်လာသည့် ပါးချိုင့်ခွက်လေးက ဖေဖေနှင့် အတော်တူသည်။

"မိုက်ကယ်လ်''

"မေမေလေး...လေယာဥ် အကြာကြီး စီးရတာ ပင်ပန်းနေပြီ လား''

"နည်းနည်းပါ...မိုက်ကယ်လ် ကိုတွေ့တာနဲ့ မေမေလေး ပင်ပန်းတာတွေပျောက်သွားပြီ''

မေမေလေး လက်ထဲက အိတ်အား ယူကာ တည်းမည့် ဟိုတယ်သို့ တခါတည်း ကားမောင်းထွက်ခဲ့ကြသည်။ ကားပေါ်တွင် ကျွန်တော် နှင့် မေမေလေး စကားများပြောကြသည်။ နာရီဝက်ခန့် ကြာပြီးနောက် Lotte Hotel သို့ ရောက်သည်။ မေမေလေးတည်းဖို့ ကြိုတင် ဘိုကင်ယူထားပြီးသားဖြစ်လို့ တည်းမည့် အခန်းသို့ မေမေလေးအား လိုက်ပို့သည်။ ထိုစဥ် အသံမြည်လာသော ဖုန်းအား ထုတ်ကြည့်လိုက်တော့...Hyung

"ဟယ်လို Hung......''

"ဂျုံးကု.. မင်း မေမေလေးကို ကြိုပြီးပြီလား''

"ကြိုပြီးပြီ..ကျွန်တော် အခု ဟိုတယ်ကိုရောက်နေပြီ''

" သေချာ ဂရုတစိုက် လုပ်ပေးလိုက်နော်...နေ့လည် အချိန်မရရင် အကို့ဆီ မဝင်နဲ့တော့''

"ရတယ်..ကျွန်တော် ဖုန်းဆက်လိုက်မယ်''

Hyung ဆီက ဖုန်းကောလ် အား ချရင်း မေမေလေးကို လှမ်းကြည့်တော့.... ''မိုက်ကယ်လ်ရဲ့ အကိုလား'' ... ကျွန်တော်လည်း ခေါင်းလေးအသာငြိမ့်လိုက်သည်။

"မေမေလေး...လိုအပ်တာတွေရှိရင် အောက်က ဝန်ထမ်းတွေကို လှမ်းမှာလိုက်နော်...ကျွန်တော် ရုံးပြန်ဝင်လိုက်ဦးမယ်''

"မိုက်ကယ်လ်ကို့ ..မေမေလေး အလုပ်ပိုရူပ်စေပြီလား''

"မဟုတ်ပါဘူး မေမေလေးရယ်..ကျွန်တော် ရုံးကိစ္စက လက်မှတ်ထိုးစရာရှိလို့ပါ ...မဟုတ်ရင် မေမေလေးနဲ့ နေ့လည်စာ အတူစားပေးမလို့''

🌼 Sumairu 🌼 (Completed)Where stories live. Discover now