အပိုင်း ၃၆ (အပိုင္း ၃၆ )

559 60 0
                                    

Unicode ***

နှစ်ကုန်ပိုင်းနားနီးလေ အလုပ်ပိုရူပ်ရသည့်အတိုင်း စာရင်းချုပ်ဆိုရန် စာချုပ်များစီစစ်ခြင်း၊ အစည်းအဝေး ထိုင်ခြင်းတို့ဖြင့်သာ လုံးလည်လိုက်နေရသည်။ မအားလပ်သည့်ကြားထဲကပင် သူဋ္ဌေးဟန် ချိန်းဆိုထားသည့် နေရာသို့ ဒီနေ့လည်း ဂျုံးကု လာရသည်။

ပထမတခေါက်တွေ့သည့် နေရာမဟုတ်ချေ။ နာမည်ကြီး ဟိုတယ်၏ Restaurant ၌ ချိန်းဆိုထားခြင်းပင်။
ဂျုံးကု ကိုယ်တိုင် ကားမောင်းလာခဲ့ပြီး နေ့လည် ၁၂ခွဲ၌ ချိန်းဆိုထားသည့် ဟိုတယ်သို့ ရောက်၏။ ဝင်ပေါက်ဓာတ်လှေကားမှနေ၍ Restaurant ရှိရာ ၈ လွှာသို့ တက်လာခဲ့သည်။ ထုံးစံအတိုင်း သူဋ္ဌေးဟန်က ကြိုတင်၍ရောက်နေလေသည်။

"မိုက်ကယ်လ်...ရောက်ပြီပဲ.. ထိုင်ပါဦး''

သူဋ္ဌေးဟန်က ပြုံး၍နူတ်ဆက်သည်။ စားပွဲဝိုင်းက လေးယောက်စာနေရာပင်။ သူဋ္ဌေးဟန်၏ လူယုံတော်ဖြစ်သူက သူဋ္ဌေးဟန်ဘေးနား၌ နေရာယူထားလေသည်။

"ဒါက ဦးလေး ရဲ့ အားထားရတဲ့သူပဲ...မိုက်ကယ်လ် နဲ့ဆို အသက်အရွယ် မတိမ်းမယိမ်းလောက်ပဲနေမယ်...Siwon လို့ခေါ်တယ်...ဒီနေ့ချိန်းရတဲ့ အကြောင်းက....အဓိကလူက မလာသေးဘူး...မိုက်ကယ်လ် ခဏစောင့်ပေးပါဦးကွယ်''

"ဟုတ်ကဲ့ စောင့်နိုင်ပါတယ်''

ပြောရင်းဆိုရင်းနှင့်ပင်...အနောက်ဖက်မှ ဒေါက်ဖိသံအား ကြားလိုက်ရသည်။

"အဖေ....သမီးနောက်ကျသွားတယ် စိတ်မဆိုးရဘူးနော်...''

သူဋ္ဌေးဟန်မှ သက်ပြင်းခပ်တိုးတိုးချလျက် သမီးဖြစ်သူကြောင့် ခေါင်းသာ အသာရမ်းနေမိသည်။

ယွန်းလေး တစ်ဖက်သို့ လှည့်ကြည့်လာရာ ဂျုံးကု အား တွေ့လိုက်ရသည်မို့ အံ့သြမှင်သက်သွားသည်။

"မိုက်ကယ်လ်.. ဘယ်လိုလုပ်''
"အဖေ...အဖေမှန်မှန်ပြော...မိုက်ကယ်လ် ကို ဘာတွေပြောထားသေးလဲ''
"ဧကန်န...မဟုတ်မလွဲရော....အဖေ...''

ယွန်းလေးတစ်ယောက် နူတ်ခမ်းဆူကာ ဂျုံးကုဘေးဘက်ထိုင်ခုံတွင် ဝင်ထိုင်လေသည်။

"အဖေပြောပြီးသွားပြီ မိုက်ကယ်လ် မှာ ချစ်သူရှိတာလည်း သိပြီးပြီ...အဲ့ဒါတွေ စိုးရိမ်မနေနဲ့တော့''

🌼 Sumairu 🌼 (Completed)Where stories live. Discover now