Uni ver
.
.
.မိုးယံသည် သူ၏အဆိုးလေးသူရနှင့် ချစ်သူရည်းစားဖြစ်သွားသည်ဆိုကတည်းက
နှစ်ယောက်သား လျှောက်လည်ဖူးသည့်နေ့ရက်တစ်ရက်မှမရှိချေ။သူလည်း သူ့အလုပ်နဲ့သူ မအားနိုင်သလို သူ၏အဆိုးလေးလည်း ကျောင်းနဲ့မို့ တစ်ရက်မှာ တစ်နာရီလောက်မျှသာ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ခွင့်ရကြသည်။
သို့ပေမဲ့ ဒီနေ့မှာတော့ နှစ်ယောက်သား
တစ်ယောက်လက်တစ်ယောက်တွဲပြီး တစ်နေကုန် လျှောက်လည်ဖို့အခွင့်ရသွား၏။ထို့ကြောင့် နှစ်ယောက်သား နီးနီးကပ်ကပ်နဲ့
ရင်ခုန်သံထပ်တူကြစေရန်အတွက် ပထမဦးဆုံး ရုပ်ရှင်ရုံသွားဖို့သာ သူတို့ရွေးချယ်လိုက်၏။ရုပ်ရှင်ရုံအရောက်မှာ ယောက်ျားလေးတွေအကြိုက်ဖြစ်သော Hollywood ဇာတ်ကားကြည့်မယ်ဆိုသော သူရကြောင့်
မိုးယံလည်း အလိုတော်ကျအတိုင်း လက်မှတ်ဝယ်လိုက်၏။"ဘာစားမလဲ ကိုယ့်ရဲ့အဆိုးလေး?''
လက်မှတ်ဝယ်ပြီး အနားမှာရပ်နေတဲ့ သူရကို
မိုးယံ မေးလိုက်ခြင်းဖြစ်သည်။ထိုအခါ မျက်လုံးကို ဟိုကြည့်ဒီကြည့်ဖြင့်
စဥ်းစာနေဟန်လုပ်ပြီး ခဏအကြာမှာတော့
ခေါင်းခါပြလာ၏။"တော်ပြီး ဘာမှမစားတော့ဘူး အချိုရည်ပဲသောက်မယ် cola ပဲသောက်မှာနော်''
"Ok! ချစ်သဘော''
မိုးယံပြောရင်းခေါင်းကိုဖွဖွလေးပုတ်လိုက်သည်။
cola သောက်ချင်သည်ဆိုတော့လည်း
မိုးယံ မှာ မဝယ်ပေးချင်လည်းဝယ်ပေးရ၏။ဖြစ်နိုင်ရင်တော့ gas ပါသော မည်သည့်အချိုရည်ကိုမဆို မိုးယံမသောက်စေချင်။
အခန့်မသင့်ရင်အစာအိမ်ကိုထိနိုင်၏။
ထို့အပြင် သူရသည် အသက်လည်း ငယ်သေးတာကြောင့် မိုးယံ စိုးရိမ်မိသည်မှာ မမှားချေ။
သို့ပေမဲ့လည်း တစ်ခါတလေပဲဖြစ်တာ
ကြောင့် မိုးယံ လိုက်လျောပေးလိုက်ရသည်။သူ့အားကျောပေးပြီး ဟိုဝယ်ဒီဝယ်လုပ်နေသော မိုးယံ၏ကျောပြင်လေးကို သူရ ပြုံးရင်းရပ်ကြည့်နေလိုက်သည်။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romantizmအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...