Unicode
Zawgyi
.
.
.
၃နှစ်ခန့်ကြာသောအခါ၃နှစ်ဆိုသောအချိန်ကိုရောက်လာခဲ့ခြင်းမှာတော့ သားသားလေး ၃နှစ်နဲ့၇လရှိနေပြီ။
ဆိုတော့ စကားလည်းအတော်တတ်ပြီးလည်တဲ့နေရာမှာလည်းနှစ်ယောက်မရှိပါ။
အိမ်တော်ရဲ့အနောက်ဘက်မြက်ခင်းပြင်ကအတော်ကျယ်သည်မို့ သားသားလေးစိတ်ကြိုက်ကစားလို့ရပြီး ကလေးစီးကား
စက်ဘီး ဆိုင်ကယ်စသောကစားစရာတွေလည်းအပြည့်ရှိသည်။အိမ်တော်ထဲတစ်ယောက်တည်းဆူညံနေအောင်ပြေးလွှားဆော့ကစားတတ်သော်လည်း ကုမ္ပဏီရောက်ရင်တော့ အတော်လေးလိမ္မာသည်။
သူ့ဖေဖေနှစ်ယောက်အလုပ်သွားပြီဆိုရင်
သူပါလိုက်ရမှကျေနပ်တတ်သည်။ယံယံကဲ့သို့ပုံဆွဲရတာဝါသနာပါပေမယ့်
အသီးပုံတွေသာအများဆုံးဆွဲတတ်သည်။မေးလိုက်ရင်တော့ ဇွဲဇွဲမဆွဲတတ်တာဘာမှမရှိဘူးတဲ့။
အခုက ယံယံတို့Meetingတက်နေချိန်ဖြစ်၍ သားသားလေးလည်းကိုကို့ပေါင်ပေါ်နေရာယူထားသည်။
လူကြီးတွေရဲ့စကားဝိုင်းမို့တစ်လုံးမှနားမလည်မယ်မထင်။
ပြောလိုက်ရင်တော့ ဇွဲဇွဲအကုန်သိတယ်
မပြောချင်လို့ငြိမ်နေတာတဲ့။Meeting ပြီးသောအခါ အားလုံးလည်းအပြင်ထွက်ကြပြီး ဇွဲဇွဲတို့သားအဖသုံးယောက်သာကျန်သည်။
"ပါးပါး သားသားလေ အကင်စားချင်တယ်''
"မစားရဘူး ဆီများတယ် တခြားဟာတောင်း''
ပါးပါးကဒီလိုပဲ။ဇွဲဇွဲဘာတောင်းတောင်း
မပေး။ဒါ့ကြောင့် ဇွဲဇွဲမျက်နှာငိုမဲ့မဲ့နှင့်Daddyကိုမော့ကြည့်ပြီး
"Daddy.. ဟင့်''
"စားပါစေ baby ပြီးရင် ဆေးတိုက်လိုက်ပေါ့''
"ယေးးးး ဒါမှ ဇွဲဇွဲDaddy ''
ဇွဲဇွဲDaddy ပေါင်ပေါ်ထိုင်နေရာကနေ ထခုန်ကတော့ ပါးပါးကမျက်စောင်းထိုးလာသည်။
သို့ပေမယ့် ဇွဲဇွဲမမှုပါ။
ပါးပါးကိုလျှာထုတ်ပြောင်ပြပြီး
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...