Uni ver
.
.
.
.
"မင်းနဲ့အဲ့ကောင်လေးနဲ့ကဘာတွေလဲပြောစမ်း ''အမေဖြစ်သူ၏စူးရှသည့်အကြည့်နှင့်ဒေါသကြောင့်နီရဲနေသောမျက်နှာထားကို သူရ
ရင်မဆိုင်နိုင်။အရင်တုန်းကဆို သူ့အားဆူဖူးရိုက်ဖူးပေမယ့် ဒီလောက်ထိဒေါသမကြီးခဲ့။
ဒီတစ်ခါတော့ တကယ့်ကို ပွဲကြမ်းမည့်အရိပ်အယောင်ပင်။
အစ်ကိုမိုးယံအပေါ် သူတကယ်ကို ရင်နင့်နေအောင်ချစ်နေသည်မို့ အမေသာမက
တလောကလုံးကိုရင်ဆိုင်ဖို့ သူ့မှာသတ္တိအ
ပြည့်ရှိ၏။ထို့ကြောင့် သူရသည် ဖြစ်လာမည့်အကျိုးဆက်ကိုကြိုသိထားသည်မို့ တပ်ထားသော မျက်မှန်လေးကို ဖြုတ်ပြီး လက်တွင်တင်းတင်းဆုပ်ကိုင်ထား၏။
ပြီးနောက် သူ၏ အမေဖြစ်သူကို တည်ငြိမ်နေသော မျက်ဝန်းတစ်စုံနဲ့ကြည့်ပြီး ပွင့်လင်းစွာဝန်ခံလိုက်သည်။
"သူက ကျွန်တော်ချစ်သူပါ''
"ဘာ! မင်း!''
အံ့သြမှုနဲ့အတူသူ၏အမေဖြစ်သူကသူ့အား ဝါးစားမတတ်ကြည့်နေ၏။
ထို့အပြင် ပါးပြင်ပေါ်ကိုကျရောက်လေသော
အမေဖြစ်သူ၏လက်ဖဝါး။ဖြန်းးး
အားပြင်းသောရိုက်ချကြောင့် သူရ ပါးတစ်ခြမ်းလည်ထွက်သွား၏။ထို့အပြင်ပါးမှခံစားရသောစပ်ဖျင်းဖျင်းဒဏ်ကြောင့် မေမေဘယ်လောက်စိတ်ဆိုးနေမှန်းသူသိသည်။
နဂိုကမှမျက်လုံးအိမ်ကအမြင်အာရုံမကောင်း
သည့်အပြင် အားပြင်းသောရိုက်ချက်ကြောင့်
မျက်လုံးကပိုဆိုးလာပြီး ခေါင်းလည်းမူးနောက်လာရ၏။ထိုအချိန်အပြင်မှပြန်ရောက်လာသောအဒေါ်ဖြစ်သူသည် မျက်နှာငုံ့ထားသောတူတော်မောင်ရှေ့ ဒေါပွနေသော ညီမဖြစ်သူကိုတွေ့လိုက်ရတာကြောင့် ဘာဖြစ်နေကြမှန်းသူမတန်းသိ၏။
ထို့ကြောင့်ပင် သူမသည် တူဖြစ်သူအနားအပြေးလေးသွားပြီး ညီမဖြစ်သူကိုဆူပူတော့၏။
" ဇာခြည် မင်းကလေးကိုဘယ်လိုလုပ်လိုက်တာလဲ ''
သူမ၏အမေးကိုညီမဖြစ်သူကလုံးဝမပြန်။
စိတ်ပျက်သလိုဟန်ဖြင့် သက်ပြင်းချရင်း ဆိုဖာပေါ်ခြေထောက်တစ်ဖက်ချိတ်လျက်
ထိုင်နေလိုက်၏။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Storie d'amoreအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...