🍎part 14🍎

23.1K 1.9K 79
                                    

Uni ver
.
.
.
သည်ကနေ့ နံနက်ခင်းသည် အရင်နေ့တွေနဲ့မတူ အပ်ကျသံပင်မကြားရလောက်အောင်
တိတ်ဆိတ်ခြောက်ကပ်ကာ ငြိမ်သက်လွန်းနေသည်။

အရင်နေ့တွင်မှာဖြင့် အိပ်ယာမှမထချင်သော
သူ့အား အမျိုးမျိုးချော့မြူကာ အိပ်ယာထစေပြီ သည်ကနေ့မှာဆိုရင်တော့သူ့အား
တစက်လေးမှ အရေးမလုပ်သော သူရိန် ကြောင့်
ယံယံ မှာမျက်ရည်ဝဲကာ​ဖြင့်အလိုလိုဝမ်းနည်းလာရသည်။

အမြဲတစေသူ့ရဲ့ဂရုစိုက်မှုသာရရှိနေသောကြောင့် ယခုလိုသူ့ရဲ့ဥပေက္ခာ ကို ခံနိုင်ရည်
ယံယံ မှာအင်အားမရှိ။

ကိုယ့်ရဲ့မပြတ်သားသော လုပ်ရပ်တွေဟာ
သူ့အချစ်ကို စော်ကားရာရောက်နေသည်မို့
ကိုယ့်ကိုအရေးမလုပ်သော ကိုကိုအား
ယံယံအပြစ်မမြင်နိုင်ခဲ့ချေ။

ကိုယ့်အပြစ်ကိုယ်ခံ ဆိုသည့်စကားအတိုင်း
ယံယံ အိပ်ယာပေါ်ငုတ်တုတ်ထိုင်ပြီး
သူ့အားကျောခိုင်းကာ အဝတ် ဝတ်နေသော
သူရိန် ကို အသံတိတ်ငေးနေမိသည်။

သူရိန် အလုပ်သွားဖို့အားလုံးပြင်ဆင်ပြီးတာနဲ့
ယံယံကိုလှည့်​တောင်မကြည့်ပဲ ကားသော့နှင့်
အိပ်ယူပြီးတံခါးဖွင့်ကာအရင်ထွက်လိုက်သည်။

ယံယံမှာ သူ့အားအရင်လို အဖော်မလုပ်သော သူရိန်နောက်ကို မျက်နှာငယ်နှင့်လိုက်သွားရသည်။

စိတ်သာဆိုးနေပေမဲ့ ယံယံရေချိုးပြီး
ဝတ်မည့်အဝတ်အစားကအစ အဆင်သင့်
လုပ်ထားပေးသည်။

ခုလည်း စကားသာမပြာပေမဲ့ ယံယံ ကို
အရင်နေ့များလို ထမင်းခွံ့သည်။

သူရိန် ယံယံကိုထမင်းခွံ့ပြီးသည်နှင့် နှုတ်ခမ်းလေးကိုဖွဖွလေးသုပ်ပေးသည်။

မနေ့က သူ့လက်ချက်နှင့် ယံယံ နှုတ်ခမ်း
တစ်ခုလုံးမှာ ရောင်ရမ်းနေသည့်အပြင်
နှုတ်ခမ်းထောင့်များမှာ အနာဖြစ်နေပြီဖြစ်သည်။

သူရိန် မနေ့ကတည်းက ယံယံနှင့်ပတ်သက်ပြီး အားလုံးကို ဥပေက္ခာ ပြုဖို့တွေးထားပေမဲ့
တကယ်တမ်းမှာ နှလုံးသားကခွင့်မပြုချေ။

သူရိန် ယံယံကိစ္စပြီးသည်နှင့် ကော်ဖီသောက်စဥ်

"""Hi you ဧည့်သည်''''

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now