🍎part 20🍎

21.6K 1.4K 84
                                    

Uni ver

.
.
.

မနက်ခင်းအချိန်သည် လေနုအေးအေးများတိုက်ခတ်မှုကြောင့် ချမ်းစိမ့်စိမ့်ဖြစ်နေ၏။

နေမင်းကြီး ထွက်စပြုလာပြီမို့
အရပ်ရှစ်မျက်နှာသည်လည်း ငှက်ကလေးများ၏ တေးဆိုသံများဖြင့်ပြည့်နှက်နေလေသည်။

ယံယံ သည် ကျောင်းသွားဖို့ ပြင်ဆင်ပြီးသည်နှင့် အိပ်ယာပေါ်လှမ်းကြည့်လိုက်တော့
သူ၏ချစ်လှစွာသော ကိုကို သည်
ယခုချိန်တိုင်အိပ်နေသောကြောင့် ယံယံကျေကျေနပ်နပ်နှင့်ပြုံးမိလေသည်။

အကြောင်းမှာ ယံယံသည် မနေ့တစ်နေ့လုံး
နေ့နှင့်ညမှားနေသော ကလေးတစ်ယောက်သဖွယ် နေ့ခင်းတစ်ချိန်လုံးအိပ်နေလေပြီး
ညအချိန်မှာတော့ လုံးဝကိုမအိပ်တော့ချေ။

သူရိန် အိပ်မှာကိုလည်း ခွင့်မပြု အမျိုးမျိုး
ရစ်နေသောကြောင့် သူရိန်မှာ မိုးလင်းခါနီးမှပင်အိပ်ခွင့်ရလေသည်။

ထို့ကြောင့်လည်း သူရိန်သည် ရင်ခွင့်ထဲမှ
အနွေးဓာတ်လေး ထသွားသည်ကိုမသိသလို
ယခုထိလည်း မနိုး အိပ်နေမြဲပင်။

ယံယံ သည် အိပ်ပျော်နေသော သူရိန် အနားသွားကာ ပခုံးအထိစောင်ခြုံပေးလေပြီး
ပါးကို အနမ်းလေးတပွင့်ခြွေလိုက်လေသည်။

ပြီးသည်နှင့် လွယ်အိတ်ဆွဲ တံခါးကိုအသံ
မမြည်အောင်ဖွင့် ပိတ်လေပြီး အောက်ဆင်းလိုက်တော့သည်။

အောက် dining room ထဲအရောက်
ထိုင်နေကျခုံပေါ်နေရာယူပြီးသည်နှင့်
ဝေလျှံ ကိုအရင်ရှာနေမိသော ယံယံ

""အစ်ကိုဝေလျှံ'''

""ဗျာ အစ်ကိုလေး'''

""ဟိုလေ ကုမ္ပဏီမှာ အရေးကြီးတဲ့ကိစ္စတွေရှိလား?'''

""ဘာလို့လဲ အစ်ကိုလေး?''''

"" ဘာမှမဟုတ်ပါဘူး ကိုကို အိပ်နေသေးလို့''

"" အမ် အဲ့ဒါ အရေးကြီးmeeting ရှိရင်
ကျွန်တော်သွားနိုးမှာပါ''''

""အမ် မနိုးပါနဲ့ ကိုကိုအေးဆေးအိပ်ပါစေ
အစ်ကိုနဲ့အစ်ကိုမိုးယံရှိတာပဲ ကြည့်လုပ်လိုက်ပါ '''

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now