Unicode
Zawgyi
--------------
.
.
အချိန်အားဖြင့် မနက် ၈နာရီဖြစ်ပြီးတည်နေရာကား အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်၏။လေဆိပ်အတွင်းရှိ ခုံတန်းပေါ်ငြိမ်သက်စွာထိုင်နေသောသားဖြစ်သူကိုထွေးပွေ့ရင်းချော့မြူနေသောအမေတစ်ယောက်။
အဝေးကကြည့်လိုက်မည်ဆိုပါက စူပုတ်ပြီးစိတ်ကောက်နေသောသားဖြစ်သူကိုအမေဖြစ်သူက အသည်းသန် ချော့မြူနေသည့်ပုံပေါ်၏။
သို့ပေမယ့်
"သား ဟိုရောက်ရင် အစစရာရာဂရုစိုက်နော်
အချိန်မှန်မှန်စား အချိန်မှန်မှန်အိပ် အရင်လိုဆေးမသောက်ချင်လို့ ခိုးပြီးလွှင့်ပစ်တာတို့မလုပ်ရဘူးနော် သားလူကြီးရဲ့စကားကိုနားထောင်သူကသားကိုတကယ်ချစ်လို့ အချိန်ကုန်ခံ ပိုက်ဆံအကုန်ခံ အပင်ပန်းခံပြီး
အစစရာရာလုပ်ပေးနေတာ သားကသိတတ်ရမယ်''မေမေရဲ့ဆုံးမမှုကိုသူရ မျက်စိမှိတ်ရင်းနဲ့သာ
ခံယူလိုက်သည် ။ညကတစ်ညလုံးအဖျားတက်ပြီး မနက်၄နာရီလောက်မှသာအဖျားကျသွားတာကြောင့် လူကအားသိပ်မရှိ။။
ထို့ကြောင့်လည်း စကားပြောဖို့ရာ သူ့အားကုန်သုံးရသည်။
ဒေါ်လေးကလည်း ပိတ်ရက်မှသာအားတာကြောင့် သူ့ကို လေဆိပ်အထိလိုက်မပို့နိုင်။
သို့သော် အိမ်မှ မထွက်ခင် နာရီဝက်အလွန်မှာ
ဒေါ်လေးက တစ်ချိန်လုံးထွေးပွေ့ထားသည့်အပြင် အားပေးစကားကိုလည်း အိမ်မှမထွက်သည့်တိုင် ပြောပေးခဲ့သည်မို့ ဒေါ်လေး ပေးသော နွေးထွေးမှုကို သူအပြည့်အဝခံစားရ၏။ခု လေဆိပ်ရောက်ပြန်တော့လည်း မေမေ့ရဲ့ရင်ခွင်ထဲ ကလေးတစ်ယောက်လို ထွေးပွေ့ခံရပြန်သည်။
ဒါကို အစ်ကိုမိုးယံ က ပြုံးလျက် သဘောကျစွာ ကြည့်နေ၏။
ထို့နောက်မိုးယံသည်အဆိုးလေးတို့သားအမိဆီလျှောက်လာပြီး ရေသန့်တစ်ဘူးကိုဖောက်ကာ အဆိုးလေးကိုကမ်းပေးလာသည်။
"အဆိုးလေး ရေသောက်လိုက်ဦး ''
အစ်ကိုမိုးယံ ကမ်းပေးလာသောရေဘူးကို
သူရယူဖို့အခိုက်မှာ ဟိန်းထွက်လာသော
အသံတစ်ခု
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...