🍎part 46🍎

12.1K 764 38
                                    

Unicode
Zawgyi
-------------
.
.
.
လွန်ခဲ့သော နှစ်ပေါင်း ၁၀ ကျော်ကျော်ကပေါ့။

ဖွံ့ဖြိုးမှုမရှိသေးသော ရွာကလေးတစ်ရွာက
ကလေးတွေရဲ့ကျောင်းဆင်းပွဲဖြစ်နေသတဲ့။

ထိုကျောင်းဆင်းပွဲဟာ ရွာက ကျင်းပသောကျောင်းဆင်းပွဲမို့ ဆရာဆရာမများနှင့်
ရွာသားအနည်းငယ်လောက်သာ တက်ရောက်ခဲ့ကြသည်။

ကျောင်းဆင်းပွဲတွေရဲ့ထုံးစံအတိုင်း ဆုပေးပြီးသောအခါ ကလေးတွေ ကပြဖျော်ဖြေရမယ့်အလှည့်ဖြစ်သည်။

ဆင်မြင့်သေးသေးပေါ်ကို တက်သွားသော
ကလေးတွေဟာ ရှမ်းအိုးစည် သီချင်းလေးနှင့်
ဖျော်ဖြေမယ်ထင်ပါရဲ့။

ရှမ်းဝတ်စုံအသီးသီးတွေနဲ့ လိုစွာကိုမှ ချစ်စရာကောင်းလှပါသတဲ့။

ထိုကလေးတွေထဲက လိမ္မော်ရောင်ရှမ်းဝတ်စုံနဲ့ကလေးတစ်ယောက်ကို အောက်ကပွဲကြည့်နေသော မိန်းမပျိုလေးတစ်ယောက်က စေ့စေ့စပ်စပ် ကြည့်လိုက်မိသောအခါ လက်ညှိုးထိုးပြီး အံ့သြနေသည့်ဟန် ပြောနေလေရဲ့။

"ဟယ် ကလေးကချစ်ဖို့ကောင်းလိုက်တာ''

"အဲ့ဒါ ငါ့တူလေ ငါနဲ့တူတာကိုး ချစ်ဖို့ကောင်းရမှာပေါ့''

မိန်းမပျိုလေးရဲ့စကားကို ပြန်လှည်ချေပလိုက်သော နောက်ထပ်မိန်းမပျိုလေးတစ်ယောက်။

ထိုမိန်းမပျိုလေးဟာ ယံယံရဲ့တစ်ဦးတည်းသောဒေါ်လေးပေါ့။

လွန်ခဲ့သော နှစ်ပေါင်း၁၀​ ကျော်လောက်ကဆိုရင် ယံယံ၏ဒေါ်လေးဟာ ယံယံအဖို့တော့
ဒုတိယမိခင်တစ်ယောက်လိုယံယံကိုသိပ်
ချစ်နေ၏။

တစ်စုံတစ်ယောက်က ယံယံအကြောင်းမေးသည်ဖြစ်သည် ယံယံကိုရည်ရွယ်ပြီး မေးသည့်အခါဖြစ်စေခေါင်းကိုမော့ ရင်ကိုကော့ပြီး အဲ့ဒါငါရဲ့တစ်ဦးတည်သော ငါ့ရဲ့အသက်ကလေး ငါ့တူလေးဆိုပြီး အမြဲဂုဏ်ယူဝင့်ကြွားစွာပြောတတ်သေးသည်။

မေမေဆုံးသွားတုန်းကဆို ယံယံမှာ ကမ္ဘာပျက်မတတ်။ ငါဟာ အသက်တောင်မပြည့်သေးဘူး မိဘမဲ့ဖြစ်သွားပြီလား ဆိုတဲ့
အသိက ဝင်လာချိန်တိုင်း ယံယံနေ့တိုင်းအားငယ်နေတတ်သည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now