🍎part 27🍎

18.4K 1.2K 213
                                    

Uni ver
.
.
.
.
သူရသည် ယံယံပြန်သွားပြီးတည်းကအိပ်လိုက်ထလိုက်ပြန်အိပ်လိုက်လုပ်နေသည်မှာ
တစ်ညလုံးdutyဆင်းထားသည့်နှယ် ညနေတောင်စောင်းနေလေပြီ။

ဒေါက်.. ဒေါက်

"သူရ... သူရရေ တံခါးဖွင့်ပါအုံး'''

တံခါးခေါက်သံနှင့်အတူ အပြင်မှ အဒေါ်ဖြစ်သူ၏အသံကြောင့် သူရ အိပ်နေရင်းမှ ခေါင်းထောင်လာပြီးနာရီကိုကြည့်လိုက်တော့ ညနေ သူ၏ ဒေါ်လေးအလုပ်ဆင်းချိန်ဖြစ်နေ၏။

"သူရ.. သူသူရေ''

"လာပြီ ဒေါ်လေး''

သူရမှာ အိပ်ယာမှ ထမချင်ထချင်နှင့် ထလာပြီး လေးလံနေသောခြေလှမ်းများဖြင့် တံခါးကိုဖွင့်လိုက်လေ၏။

သူရ၏ မျက်လုံးမဖွင့်တဖွင့်ပုံစံကြောင့်
အဒေါ်ဖြစ်သူမှာ စိတ်ပူရသေးသည်။

"တစ်နေကုန်တစ်နေခန်း အိပ်နေတာလား
ထမင်းရော ထစားရဲ့လား?''

ထိုအခါ အိပ်ချင်မူးတူးဖြင့် ခေါင်းညိတ်လာသော သူရ မှာ သမ်းရင်း စကားပြောဖို့ပင် လေးခံနေလေသည်။

"ဘာလို့လဲ ဒေါ်လေး''

"ဟိုတစ်ခေါက်လာတဲ့ မောင်လေးက
တွေ့ချင်လို့တဲ့လေ သွားတွေ့လိုက်အုံး''

"အွန်း...''

ခေါင်းမွေးစုတ်ဖွာနှင့် မျက်လုံးအားလက်ဖြင့်ပွတ်လျက်အောက်ဆင်းသွားသည့် တူတော်မောင်ကြောင့် အဒေါ်ဖြစ်သူမှလည်းသတိပေးရသေးသည်။

"မျက်နှာမသစ်တော့ဘူးလား?''

"သစ်တော့ဘူး'''

ရှက်ရကောင်းမှန်းမသိသော သူရကြောင့်လည်းအဒေါ်ဖြစ်သူမှာခေါင်းခါရုံကလွှဲဘာဆိုဘာမှမပြောတော့ချေ။

သူရ အောက်ရောက်သည်နှင့် စောင့်နေသော
ဧည့်သည်မှာထင်ထားသည့်အတိုင်း မိုးယံဖြစ်နေလေသည်။
ဒီတစ်ခါတော့ သူရ အရင်လို ရှောင်မပြေးတော့ချေ။
ရုပ်ပျက်ဆင်းပျက်ပုံစံနှင့်သာ မိုးယံ၏မျက်နှာချင်းဆိုင်ခုံလေးပေါ် ထိုင်လိုက်သည်။

သူရ၏ပုံစံကြောင့် မိုးယံမှာ ပြုံးမိရသည်။
ဘာပဲဖြစ်ဖြစ် သူရှေ့ ပင်ကိုစရိုက်အားဖုံးကွယ်ထားခြင်းမရှိသော သူရ ကို မိုးယံ မှာ ချစ်သည်ထက် ပို မြတ်နိုးနေလေသည်။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now