Unicode
Zawgyi
-------------
.
.
.အချိန်အားဖြင့် မနက်အစောပိုင်းလေနုအေးအေးလေးများတိုက်ခတ်ပြီး ငှက်ကလေးများကလည်း နေမင်းကြီးကို ကြိုဆိုသောအနေဖြင့် တေးသီနေသည့်အချိန်ဖြစ်၏။
ဒီလိုအချိန်ဟာ ချမ်းစိမ့်စိမ့်ဖြစ်နေသည့်အပြင် ဆူညံသံလည်းသိပ်မရှိတာကြောင့်
စောင်ခြုံပြီးအိပ်စက်မည်ဆိုပါကအတော်လေးကိုအိပ်လို့ကောင်းသောအချိန်ဖြစ်နေခဲ့၏။သို့ပေမယ့် အခန်းငယ်လေးထဲကသူရဆိုသောလူသားမှာတော့ အိပ်စက်ဖို့နေနေသာသာ အခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်လိုက် အပြင်ပြတင်းပေါက်ကိုချောင်းကြည့်လိုက်နဲ့သူ့မှာအလုပ်တွေရှုပ်နေလေ၏။
သူရသည်ယခုမှထပြီး ဂဏာမငြိမ်ဖြစ်ခြင်းမဟုတ်ပဲ လွန်ခဲ့သော ၁နာရီလောက်ကပင် ဂဏာမငြိမ်ဖြစ်နေခြင်းဖြစ်၏။
သူရသည်သူ၏မေမေဟာ သူသိပ်ချစ်ရပါသောမိုးယံဆိုသည့် လူသားကိုတွေ့ဖို့ချိန်းထားကြောင်း သူ့အားပြောကြားခဲ့ချိန်တွင် သူမှာပျော်ရသည်ထက် စိုးရိမ်စိတ်ကပိုပြီးစိုးမိုးလာ၏။
မေမေ၏အကြောင်းသူရအသိဆုံးမို့ အစ်ကိုမိုးယံ အား ခါးခါးသီးသီး ပြောလွှတ်မှာကို
သူစိတ်ပူမိ၏။ထို့ကြောင့်လည်း သူရသည်အခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း အစ််ကိုမိုးယံအပေါ် မေမေထိုသို့ မပြုမူစေရန်လည်း သူဆုတောင်းဖို့မမေ့။
တီ တီ တီ
သူရလမ်းလျှောက်နေရင်းရုတ်တရက်ထမြည်လာသောသတိပေးချက်ကြောင့် သူနာရီကိုကြည့်လိုက်တော့ ၇နာရီထိုးနှင့်နေပြီ။
ထိုတော့မှသူရသည်ခြေလှမ်းကိုရပ်လိုက်ပြီးသူ၏ခေါင်းကိုလည်း အဆက်မပျက် ထုနေသေး၏။
အကြောင်းမှာ ဒီနေ့ဟာသူကျောင်းပြန်တက်ရမည့်နေ့ဖြစ်နေသည်ကို သူအလေးမထားမိခြင်းကြောင့်ပင်ဖြစ်သည်။
မတော်တဆဒဏ်ရာရသည့်နေ့ကစ၍သူကျောင်းခွင့်ရက်ယူခဲ့သည်မှာ တစ်ပတ်ပင်ကျော်လာပြီ။
စာမေးပွဲကလည်းနီးလာပြီမို့ သူကျောင်းကိုမှန်မှန်ပြန်တက်မှရပေတော့မည်။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romansအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...