🍎part 3🍎

30.9K 2.5K 158
                                    

Uni ver

ယံယံ အိမ်ရောက်ပြီ တစ်ရက်
ကျောင်းပြန်တက်ဖို့ဆွေးနွေးရသည်။

ယံယံကိုသူ့သားလို့ထင်နေတဲ့မေမေကြီးကြောင့် ကျောင်းကို အလုပ်အဖြစ်လိမ်လိုက်ရသည်။

ယံယံ ထမင်းစားသည်ကို
မေမေကြီးက ကိုယ်တိုင်ခွံ့ရမှကျေနပ်သည်။

မေမေကြီးက ဘယ်သွားသွားကိုကိုနဲ့သွားရမယ်ဆိုသောကြောင့်ယံယံကျောင်းသွားဖို့အတွက် Living room တွင်ထိုင်ကာ
ကိုကို ကိုစောင့်နေလ်ုက်သည်။

အပေါ်ထပ်က​ပြေးဆင်းလာတဲ့ ကိုကို
အနီရောင် shirtကို ကြယ်သီး ၂လုံး
ဖြုတ်ထားပြီ အမည်းရောင်းဘောင်းဘီ
ရှည်နှင့် အရပ်၆' 1''မို့ အလွန်ကြည့်
ကောင်းသည်။

ယံယံကိုတွေ့တော့ ကိုကို က မျက်ခုံးပင့်ရင်း မေးလာ၏။

"" ကိုယ့်ကိုစောင့်နေတာလား'''

"" ဟုတ် ....မေမေကြီးက
အတူတူသွားရမယ်ဆိုလို့'''

"" OK! သွားတာပေါ့'''

"" ဟုတ်....'''

ရှေ့ကအရင်သွားသော ယံယံ ကိုကိုနောက်လိုက်သွားသည်။

ကားနားရောက် ယံယံကားအနောက်ခန်း
ထိုင်မည်အလုပ် အရှေ့ကားတံခါးကိုဖွင့်နေတဲ့ကိုကို လှမ်းခေါ်လာသည်။

"" အရှေ့လာလေ'''

"ဟုတ်''

အရှေ့ကိုလာဆိုသောကြောင့်
ယံယံလည်းအရှေ့သွားပြီဝင်ထိုင်လိုက်သည်။

ကားပေါ်မလှုပ်မယှက်နဲ့ ခါးပတ်မပတ်ပဲထိုင်နေတာကြောင့် ကိုကိုက ယံယံကိုကြည့်ပြီးပြောလာ၏။

"" ခါးပတ် ပတ်ထား'''.

"" ဟုတ်''''

ဟုတ်လို့သာဖြေခဲ့ပေမဲ့ ယံယံတစ်ခါမှ
သည်လိုကားမျိုးမစီးဖူးတာကြောင့်
သိပ်မလုပ်တတ်။

ဒါကို ကိုကို မြင်တော့မနေနိုင်ဘူးထင်။ ယံယံအနားတိုးကပ်လာသည်။

"" လာ....ကိုယ်လုပ်ပေးမယ်'''

"" ဟုတ်'''

ကိုကို ကိုယ်တိုင်ခါးပတ် ပတ်ပေးတာကြောင့်
ယံယံ ငြိမ်ခံနေလိုက်၏။

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now