Unicode
Zawgyi
-------------.
.
.
.
နောက်တစ်နေ့မနက် အချိန်အားဖြင့်၅နာရီခွဲအချိန်ဖြစ်၏။ကိုကိုရဲ့ခွင့်ပြုချက်ရပြီမို့ ယံယံပထမဆုံးအလုပ်သင်ဆင်းမည့်ရက်ဖြစ်သည်။
ထို့ကြောင့် ယံယံ တက်ကြွစွာဖြင့် မနက်အစောကြီးထပြီး ရေမိုးချိုးရန်လုပ်၏။
အစောကြီးမို့ အအေးမိမှာစိုးရခြင်းကြောင့်
ပြန်အိပ်ဖို့ရာချော့နေပေမယ့် ကောင်ပေါက်လေးက မြူးကြွနေသောအခါ ဘယ်လိုမှ မတားဆီးနိုင်ပင်။သူရိန်လည်းမတားနိုင်သည့်အဆုံးမင်းလေးသဘောဆိုသောစကားဖြင့်သာချစ်သောသူလေးကိုအရှုံးပေးရသည်။
အလိုကိုလိုက်သည်နှင့်အလှဆုံးပြုံးပြီချစ်စရာကောင်းအောင်ပြောနေ၏။
"အဲ့ဒါကြောင့် ကိုကို့ ကိုသိပ်ချစ်တာပါဆို''
စောင်ပုံကြားငုတ်တုတ်ထိုင်ပြီးပြောနေပုံမှာ
ကလေးတစ်ယောက်လိုပင်။အိပ်ယာထခါစမို့ မျက်ခွံနှစ်ဖက်ကဖောင်းဖောင်းလေးဖြစ်နေသည့်အပြင် ခေါင်းမွေးကပါစုတ်ဖွာနေသောအခါ ဘာလေးနဲ့တူနေမှန်း
သူရိန် မတွေးတတ်ပေမယ့် အူယားလောက်အောင်ချစ်ဖို့ကောင်းနေသည်ကိုတော့ အမှန်ပင်ဖြစ်၏။ထို့ကြောင့် သူရိန် လဲနေရာမှထပြီး ငုတ်တုတ်လေးဖြစ်နေသော ကောင်ပေါက်လေးကို စွေ့ခနဲပွေ့ချီလိုက်တော့ ပေါင်ပေါ်ရောက်လာသော ကိုယ်လုံးလေး။
"ဘာလုပ်တာလဲ ယံယံရေချိူးတော့မလို့''
အိပ်ယာထခါစမို့ စိတ်မကြည်ဘူးထင်၏။
မျက်နှာလေးကစူပုတ်ပုတ်ဖြင့်ပြောနေပုံမှာ
မကြာသေးခင်ကမှသူလေးအား အရှုံးပေးခဲ့သောကိုယ့်ကိုအားနာရကောင်းမှန်းမသိသည့်ဟန်ဖြင့်။စူပုတ်နေသောမျက်နှာလေးကြောင့် သူရိန်မှာ
စချင်လာရပြီ။ထို့ကြောင့် ခါးလေးကို တင်းနေအောင် ပွေ့ဖက်ပြီးခေါင်းပေါ် မေးတင်လိုက်တော့ မသိမသာလေးရုန်းနေသော ကောင်ပေါက်လေး။
"ကိုကိုကလည်း ယံယံရေချိုးတော့မယ်ဆို''
"ခဏလေးပါကွာ ကိုယ်ချစ်ချင်လို့''
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...