Warning 🔞
Uni ver
.
.
.
အချိန်အားဖြင့် ည၈နာရီဖြစ်သည်။တရွေ့ရွေ့သွားနေသော ကားတစ်စီးသည်
Hotel ကြီးတစ်ခုရှေ့ရောက်သည်နှင့်ရပ်တန့်သွားသည်။ထို့နောက် အစောင့်အကြပ်လူယုံနှစ်ယောက်က ကားတံခါးဖွင့်လိုက်လေပြီး ကားပေါ်မှ
ဆင်းလာသောလူသားနှစ်ဦးကို ခေါင်းငုံ့ရိုသေကာ ရှေ့မှလမ်းပြပေးလေသည်။ထိုသူတို့၏ဦးတည်ရာသည် Hotel ခန်းမကြီးမှ မွေးနေ့partyတစ်ခုဆီကိုဖြစ်သည်။
Party ဆိုပေမဲ့ ရောင်စုံမီးလုံးများ သီချင်းသံ
မြူးမြူးကြွကြွများနှင့် ကခုန်နေကြသည့်
Party မျိုးမဟုတ်ဘဲ သူ့ဟာသူ နဂိုခန်းမကြီး
ကိုမှ တခမ်းတနားအလှပန်းများစုံစုံလင်လင်စီချယ်ထားသည်။ပွဲသို့တက်ရောက်လာသူအများသည်လည်း
အများအားဖြင့်စီးပွားရေးလုပ်ငန်းရှင်များသာဖြစ်သောကြောင့် မျက်စိအမြင်တွင်
တအားတိတ်ဆိတ်နေသည်မျိုးဖြစ်မနေဘဲ
တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ပွေ့ဖက်ကာ မွေးနေ့ရှင်အားဂုဏ်ပြုစကား
စကားသံများနှင့် စည်းကားပြီးနွေးထွေးသည်ထက်ကိုပိုပါသေးသည်။ယံယံ သည် Hotel ရှေ့အရောက်တွင် သူ့မျက်စိရှေ့မှမြင်နေရသော ချမ်းသာသောလူ့အသိုင်းအဝိုင်းတို့နှင့်ပြည့်နေလေသော ခန်းမကြီးကြောင့် ဘဝမှာတစ်ကြိမ်တစ်ခါမှပင် Partyမတက်ခဲ့ဖူးသည့် သူ့အဖို့ ရင်ခုန်သည်ထက်ရင်တုန်ခြင်းကပိုဆိုးနေလေသည်။
ထို့ကြောင့် ယံယံသည် သူရိန်အနားကပ်ကာ
တိုးလျလှသောအသံလေးနှင့်ဆိုလိုက်လေသည်။
သူရိန်လည်း သူနှင့်မျက်နှာချင်းဆိုင်လာသော ချစ်ရသူကို အကြင်နာပိုစွာနှင့် ကြည့်နေလေသည်။""ကိုကို '''
""ပြောဗျာ''''
""ဟို.. ကျွန်တော်အိမ်ပြန်ချင်တယ်''''
""အမ် party တက်ရဦးမှာလေ baby'''
""ကျွန်တော်ကြောက်တယ် ကိုကိုရဲ့''''
သူရိန် သည် မျက်နှာပေါ်ကြောက်စိတ်ပေါ်နေသော ယံယံကို ရင်ခွင်ထဲဆွဲသွင်းပြီး
ကျောပြင်အား ဖွဖွပွတ်လျက် ကြောက်စိတ်ပြေစေရန်အတွက် ချော့သိပ်ပြောနေလေသည်။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...