Unicode
Zawgyi
-------------
.
.
.
"ယံယံ မင်းအစ်ကိုသူရိန်နဲ့သွားအိပ်လိုက်ပါ
ငါအဆင်ပြေပါတယ်''ပြောပြန်ပြီးဒီစကား။ မပြောပါနှင့်ဆိုညအိပ်ချိန်ရောက်တိုင်းပြောမြဲပြောနေ၏။
ငါ့ကြောင့်မင်းနဲ့အစ်ကိုသူရိန်အတူရှိချိန်လျော့နည်းသွားသည်ဆိုပြီး အမြဲမျက်နှာငယ်နှင့်ပြောနေသော ချစ်သယ်ရင်းကို ယံယံသနားမိရ၏။
သူရကို ယံယံအိမ်ခေါ်အိပ်ဖြစ်ခဲ့သည်မှာ
စာမေးပွဲစဖြေသည့်ပထမရက် မိုးယံနဲ့ဆေးရုံကိုပါသွားသော သူရနောက် ယံယံတို့လိုက်ခဲ့ရာမှစတင်ခဲ့ခြင်းဖြစ်သည်။ထိုအချိန်တုန်းက ဆရာဝန်၏ပြောကြားချက်အရ သူရ၏မျက်လုံးသည် ပြင်းထန်သောအညှော်နံ့ကိုရှူရှိုက်ခဲ့မှုအပြင် တစ်ညလုံး
လျှပ်စစ်မီးအောက်ထိုင်ပြီး စာသေးသေးများကို အာရုံစိုက်ခဲ့ခြင်းတို့ကြောင့် မျက်လုံးက အောင့်နေခြင်းဖြစ်၏။တော်ရုံမျက်မှန်တပ်ရခြင်းလောက်ဆို မဆိုသာပေမယ့် သူရဟာ ပြီးခဲ့တဲ့တစ်ခေါက်က
မျက်လုံးဒဏ်က အလျဥ်းမပြောက်သေး
သည့်အပြင် ဒုတိယဒဏ်က ထပ်တိုးလာသောအခါ ပြင်းထန်သောဝေဒနာကိုခံစားရခြင်းဖြစ်၏။မျက်လုံးနှင့်ပတ်သက်ပြီး ဆရာဝန်မှာကြားခဲ့သော ဆောင်ရန်ရှောင်ရန်တချို့တဝက်ကို
သူရလိုက်နာနိုင်ပေမယ့် စာမေးပွဲဆိုသော
အကြောင်းပြချက်ကြောင့် မျက်လုံးကမဖြစ်မနေအလုပ်လုပ်ရဦးမည်။ထိုအချက်အား ဆရာဝန်ကိုပြောကြားလိုက်သောအခါ ဆရာဝန်က လက်မခံချင်သည့်ပုံ။
ကိုယ့်ကျန်းမာရေးလောက် ဘယ်အရာမှန်းအရေးမကြီးကြောင်း ဆရာဝန် ထပ်ပြောပြီး
ဒီလိုအချိန်မှာ မျက်လုံးကိုသာဆက်ပြီး အလုပ်လုပ်ခိုင်းပါက နောက်ဆက်တွဲမလိုလားအပ်သော ဆိုးကျိုးများစွာ ကပ်ပါလာလိမ့်မည်ဟူပြီး ဆရာဝန်က ဆိုပြန်၏။မိုးယံလည်း ဆရာဝန်နှင့်ထပ်တူ သူ၏အဆိုးလေးကို နားချရ၏။
သို့ပေမယ့် သူရကလည်း မရ။ စာမေးပွဲကို
မဖြစ်မနေဖြေမည့်အကြောင်း နောက်တစ်နှစ်ထပ်မနေလိုသည့်အကြောင်း မိုးယံ၏ချော့မြူမှုကို ဒေါသကြီးစွာတုံ့ပြန်လေ၏။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romanceအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...