🍎part 10🍎

27.5K 2K 126
                                    


Uni ver
.
.
.

ယံယံ ရှေ့က ကိုယ့်ကိုယ်ကို အစင်းလိုက်ပြန် မြင်နေရသည့် မှန်ရှေ့ရပ်ရင်း
လည်တိုင်ဖြူဖြူက အရာလေး
ကိုမှန်ကတဆင့်ကြည့်ပြီး
လက်ချောင်းလေးဖြင့် ဖွဖွလေး ပွတ်ကာ ပြုံးလိုက်မိသည်

မနေ့ညက သူရိန်ကို အတင်းငြင်းနေပေမဲ့
တကယ်တော့ နှလုံးသားက ရင်ခုန်မှုဟာ
အဆမတန်လှုပ်ခတ်နေသည်ကို
ယံယံဝန်ခံပါသည်

ယံယံ ကိုအမြဲတစိမ့်စိမ့်ကြည့်နေတတ်သည့်
ကိုကိုရဲ့အကြင်နာမျက်လုံးတွေကို
ယံယံ သဘောကျသည်

ယံယံကို အမြဲထွေးပွေ့တတ်သည့် ကိုကိုရဲ့
လက်မောင်းတွေကိုလည်း ယံယံချစ်သည်
ကိုကိုရဲ့ရင်ခွင်ကျယ်မှာ နားခိုခွင့်ရခြင်းကို
ယံယံ အလွန်ကျေနပ်သည်

သို့ပေမဲ့ ယံယံက ယောက်ျားသား
တစ်ယောက်မို့ ကလေးမမွေးနိုင်သလို ပျော်စရာကောင်းသည့်မိသားစုဘဝလည်း ဖန်တီးနိုင်မည် မဟုတ်

အချိန်တန်လို့ ငြီးငွေ့ပြီး ကိုကို ယံယံ ကို
ပစ်ခွာ သွားမှာကိုလည်းစိုးရသည်
သည်လိုအတွေးမျိုး ဝင်လာတိုင်း
ယံယံ သိမ်ငယ်ရသည်

ချစ်ခဲ့ပြီးမှ နောင်တများနဲ့ကျန်ရစ်ခဲ့မှာကို
ယံယံ အင်မတန်ကြောက်မိသည်

ဒေါက်...ဒေါက်..ဒေါက်

"""သားငယ်လေး '''''

တံခါးခေါက်သံနှင့်အတူ အပြင်ဘက်မှ
ကြီးချိုအသံကိုကြားလိုက်ရတော့
ယံယံ မျက်နှာပျက်ရသည်

ယံယံ မနက်အိပ်ယာနိုးကတည်းကပင်
ကိုကိုရဲ့အရိပ်အယောင်ကိုမတွေ့ရ

အရင်နေ့တွေဆို ယံယံနိုးသည်နှင့်
ကိုကို ယံယံရဲ့နဖူးလေးကိုအနမ်းခြွေပြီး
မျက်နှာသစ်ရေချိုးစေသည်
​ရေချိုးပြီး
လဲဖို့အဝတ်အစားကအစ ပြင်ထားပေးသည်

သို့ပေမဲ့ ဒီမနက်မှာတော့ အိပ်ယာနိုးကတည်း
ခုထိတစ်ယောက်တည်း ခြောက်ကပ်ကပ်နှင့်

ဒေါက်....ဒေါက်

"""သားငယ် ''''

""" ဟုတ်လာပြီ ကြီးကြီး''''

ယံယံ တံခါးဖွင့်သည်နှင့်
ယံယံကိုပြုံးပြလာသည့်ကြီးချို

💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)Where stories live. Discover now